Microsoft OneNote, Google Keep နဲ့ Evernote ထဲမှာ ဘယ် Note App က အကောင်းဆုံးလဲ?

date_range 22 June 2017

Microsoft OneNote, Google Keep နဲ့ Evernote ထဲမှာ ဘယ် Note App က အကောင်းဆုံးလဲ?

visibility 840 Views

                နည်းပညာခေတ်ကြီးမှာ ကျနော်တို့ဟာ Notes မှတ်ဖို့အတွက် မှတ်စုစာအုပ်သက်သက်ဝယ်စရာမလိုတော့ဘဲ၊ဖုန်းမှာပဲဖြစ်ဖြစ်၊ ကွန်ပျူတာမှာပဲဖြစ်ဖြစ် Notes တွေကို App တွေနဲ့ အဆင်သင့်မှတ်သားနိုင်ပြီဖြစ်ပါတယ်။

                Note Apps တွေအများကြီးရှိတဲ့အထဲက ဖုန်းမှာပါတဲ့ Notes app တွေထက် ပိုကောင်းပြီး အခြားဘယ် Mobile Devices ဒါမှမဟုတ် Computer မှာပဲဖြစ်ဖြစ် ကိုယ့် Account Sign in ဝင်လိုက်တာနဲ့ ကိုယ်မှတ်ထားတဲ့ Notes တွေအကုန်လုံးကို ပြန်မြင်နိုင်တဲ့အပြင် အခြား Features, Functions တွေလည်း အများကြီးပါဝင်တဲ့ Notes app ၃ ခုရှိပါတယ်။ ဒါတွေကတော့ Microsoft OneNote, Google Keep နဲ့ Evernote ပါ။

                အခု Article မှာတော့ ဘယ် App က အကောင်းဆုံးလဲဆိုတာကို ဝေဖန်ဆန်းစစ်ပေးသွားမှာဖြစ်ပါတယ်။ 

Availability 

                ဒီနေရာမှာတော့ Notes app တွေမှာ နာမည်ကြီးဖြစ်တဲ့ Evernote နဲ့ OneNote က Windows, Mac, iOS, Android အကုန်လုံးမှာ ရရှိနိုင်ပြီးတော့ Google Keep ကတော့ Android, iOS နဲ့ Windows မှာဆို Chrome App အနေနဲ့ပဲရရှိနိုင်မှာဖြစ်ပြီး Mac (သို့) အခြား Devices တွေကနေသုံးချင်တယ်ဆိုရင်တော့ keep.google.com ကနေ ဝင်သုံးရမှာပါ။

Mobile Version Usage

                Mobile Phone App အနေနဲ့ အသုံးပြုတဲ့အချိန်မှာတော့ Evernote နဲ့ Keep ကို OneNote က သိပ်မလိုက်နိုင်တာကိုတွေ့ရပါတယ်။ Features အစုံအလင်ဆုံး နဲ့ အသုံးပြုရအလွယ်ကူဆုံးကတော့ Evernote ဖြစ်ပြီး Notebooks တွေသီးခြားထားနိုင်တာ၊ Google Account, Link In Account တွေနဲ့ ချိတ်ဆက်နိုင်တာ၊ Font size နဲ့အခြား စိတ်ကြိုက်ပြင်ဆင်နိုင်တာ၊ Audio Note, Handwriting, Attachment, Reminder, Document Camera စတဲ့ Features တွေစုံလင်စွာပါဝင်ပါတယ်။


                ဒါ့အပြင် Evernote app မှာ Notes တွေကို လွယ်ကူစွာ Share နိုင်ပြီး Evernote အတူအသုံးပြုသူအချင်းချင်း ဆက်သွယ်နိုင်မယ့် Work Chat Function လဲပါဝင်ပါတယ်။ အကြိုက်တွေ့မိတာကတော့ Evernote မှာ Free Basic Plan, Evernote Plus, Evernote Premium Plan ဆိုပြီးခွဲထားပေမယ့် သာမန်အသုံးပြုမှုတွေအတွက် Free Plan ကလုံလောက်တဲ့အပြင် ကြော်ငြာမပါဝင်ခြင်း၊ Passcode Lock လို Features တွေကိုပါ Basic Plan မှာပဲ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ 

                Google Keep ကတော့ Features စုံလင်တာထက် အသုံးပြုရတာ ရိုးရှင်းပြီး အလွန်မြန်ဆန်တဲ့ Note App တစ်ခုအဖြစ်သတ်မှတ်နိုင်မှာပါ။ အခြေခံ Functions တွေဖြစ်တဲ့ Notes, List, Handwriting, Audio Note, Camera တို့ပါဝင်မှာဖြစ်ပြီးတော့ Notes တွေကို ပြန်လည်ရှာဖွေရာမှာ အလွန်မြန်ဆန်တဲ့ Interface တစ်ခုပါရှိပါတယ်။ Notes တွေကို Labels တပ်ပြီး ခွဲခြားထားနိုင်ပြီး Archive Folder ထဲလည်းထည့်ထားနိုင်ပါတယ်။ Note Sharing အလွန်လွယ်ကူပြီး အခြား Google Keep သုံးနေတဲ့သူရဲ့ Gmail address ထည့်လိုက်ရုံပါပဲ။ အသုံးပြုရတာပိုပြီးမြန်ဆန်အောင်လုပ်ထားတဲ့အတွက် Font မရွေးချယ်နိုင်သလို စာလုံးအရွယ်အစား စတဲ့ Font Formatting လည်းပါဝင်မှာမဟုတ်ပါဘူး။


                OneNote ကတော့ Desktop Version ကိုဦးစားပေးထုတ်ထားတဲ့အတွက် အချို့သော Features အတော်များများ Mobile Version မှာပါဝင်လာမှာမဟုတ်ပါဘူး။ Evernote လောက် Features မများသလို Google Keep လောက်လဲ မပေါ့ပါး မလျှင်မြန်တဲ့အတွက် သာမန် Note app ထက်အနည်းငယ်ပိုတယ်လို့ပဲ သတ်မှတ်နိုင်မှာပါ။ 


PC Version Usage 

                PC Version မှာတော့ Microsoft OneNote ထက်သာလွန်တဲ့ Note Taking app မရှိဘူးလို့တောင်ပြောလို့ရပါတယ်။ Microsoft Word ကို အသုံးပြုတတ်တဲ့သူတိုင်း ရင်းနှီးမယ့် Interface နဲ့ အချို့သော Microsoft Surface Pro လို Touch Screen PC တွေအတွက် Drawing Tools မျိုးစုံကို ရွေးချယ်နိုင်ဦးမှာဖြစ်ပါတယ်။ Audio Recording, Video Recording တွေပါ ပါဝင်မှာဖြစ်တဲ့အပြင် Excel Spreadsheet တွေပါထည့်သွင်းနိုင်ဦးမှာဖြစ်ပါတယ်။ Mobile Version မှာ သုံးရအဆင်မပြေတဲ့ OneNote က PC Version မှာတော့ အကောင်းဆုံးသော Note App ဖြစ်ပါတယ်။


                နောက်ထပ် Evernote app ကလည်း PC Version မှာ Features စုံလင်တဲ့ Note app တစ်ခုဖြစ်ပါတယ်။ Mobile Version မှာ ပါဝင်တဲ့ Features တွေအကုန်ပါဝင်သလို Font ကို စိတ်ကြိုက်ရွေးချယ်နိုင်တာ၊ Presentation Mode ပါဝင်လာတာ စတဲ့ အသုံးဝင်တဲ့ Features တွေပါ ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့် User Interface က OneNote နဲ့ ယှဉ်ရင်ဒိတ်အောက်နေမိလို့ ခံစားမိစေပါတယ်။

                Google Keep ကတော့ ထူးခြားတာက Windows မှာ .exe Installer file နဲ့မလာပဲနဲ့ Google Chrome Browser Web Store ကနေ Chrome Apps အနေနဲ့ ထည့်သွင်းရမှာဖြစ်ပါတယ်။ ပါဝင်တဲ့ Features, Functions အကုန်လုံးက Mobile Version နဲ့တူညီပြီးတော့ Mobile Version လိုပဲ Font Formatting မပါဝင်ပါဘူး။ အဓိပ္ပါယ်က Copy ကူးလာတဲ့ စာသားတွေရဲ့ မှုရင်း Font မဟုတ်တော့ပဲနဲ့ Chrome Browser မှာ သွင်းထားတဲ့ Font နဲ့ပဲမြင်ရမှာဖြစ်ပါတယ်။ 


Synchronization 

                Devices တွေအများအပြားမှာ အသုံးပြုတဲ့အခါ Device တစ်ခုမှာ ရေးထားတဲ့ Note တစ်ခုကို နောက်ထပ် Device တစ်ခုကနေ ချက်ခြင်းဖတ်နိုင်တဲ့ Synchronization နေရာမှာတော့ Google Keep က အမြန်ဆုံးပါ။ Font Formatting မရှိတာရယ် မြန်ဆန်ဖို့ကို အဓိကထားထားတဲ့ Interface ကြောင့် အခြား OneNote, Evernote တို့နဲ့ယှဉ်ရင် ၃၊ ၄ ဆ မက ကို ပိုပြီးမြန်မြန် Sync လုပ်နိုင်တဲ့အတွက် အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ 

Account 

                Microsoft OneNote က Microsoft Account နဲ့ Sign In ဝင်ထားရင် ပိုအဆင်ပြေပြီးတော့ Evernote ကတော့ Gmail ကနေတစ်ဆင့် Account သီးသန့်ဖွင့်ပြီးပဲဖြစ်ဖြစ် Google ကနေ တန်းဝင်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ Google Keep ကတော့ ဖုန်းထဲမှာ (သို့) Chrome Browser မှာ Google Account Sign In ဝင်ထားရုံနဲ့ တစ်ခါတည်း တန်းသုံးနိုင်မှာဖြစ်တဲ့အတွက် ဒီနေရာမှာလည်း Keep က အသာရတယ်လို့ ပြောလို့ရပါတယ်။ 

သုံးသပ်ချက်

                အခုဒီ Microsoft OneNote, Google Keep နဲ့ Evernote ကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် Microsoft OneNote ဟာ Mobile မှာသုံးတာထက် ကွန်ပျူတာမှာ အသုံးများသူတွေအတွက် အကောင်းဆုံး Notes App လို့ သတ်မှတ်နိုင်ပြီး အလားတူ Evernote ကလည်း PC Version ထက် Mobile Notes App တွေမှာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။

                Google Keep ကတော့ Features စုံလင်ဖို့ထက် အံ့အားသင့်ဖွယ် Sync လုပ်နိုင်တဲ့ အမြန်နှုန်းကြောင့် သာမန် Notes တွေကို ဖုန်းမှာရော၊ ကွန်ပျူတာမှာရော အမြဲသုံးနေရတဲ့သူတွေအတွက် အကောင်းဆုံး Notes App တစ်ခုလို့ သတ်မှတ်ရင်းနဲ့ ဒီ Article ကို အဆုံးသတ်လိုက်ပါတယ်။

References
TechX Myanmar
About Author
Assinged Tags
Features Software Comparison OneNote Evernote Google Keep Note Apps
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed