Chrome နဲ့ Firefox Browser ထက်ပိုပြီး Customize ပြုလုပ်နိုင်သလို၊ Feature လည်း စုံလင်တဲ့ Vivaldi Browser

date_range 14 June 2017

Chrome နဲ့ Firefox Browser ထက်ပိုပြီး Customize ပြုလုပ်နိုင်သလို၊ Feature လည်း စုံလင်တဲ့ Vivaldi Browser

visibility 1040 Views

                Web Browser တွေကိုပြောပါဆိုရင် အသုံးအများဆုံးက Google Chrome, Mozilla Firefox နဲ့ Microsoft Edge တို့ပဲဖြစ်မှာပါ။ ဒါပေမယ့် အဆိုပါ Web Browsers တွေထက် ပိုပြီး၊ Customize လုပ်နိုင်သလို၊ Features လည်း စုံလင်ပြီး ပိုမို သင့်ရဲ့ Productivity ကိုပါ မြှင့်တင်ပေးနိုင်မယ့် Browser တစ်ခုကိုတော့ သင်ကြားဖူးချင်မှကြားဖူးမှာပါ။ ဒါကတော့ Vivaldi Browser ပါ။

                အရင်ဆုံး Vivaldi Browser ကို Windows အပြင် Mac OS, Linux OS တို့မှာပါ ရရှိနိုင်ပြီးတော့ ဒီ Link (https://vivaldi.com/download/) ကနေရယူနိုင်မှာဖြစ်ပါတယ်။ Vivaldi Browser က ဘာတွေကောင်းလဲဆိုတာကို လေ့လာကြည့်ရအောင်။

Vivaldi's Customizability and Features

                Vivaldi Browser ကို သွင်းပြီးတာနဲ့ စစခြင်းတွေ့ရှိရမှာက ရိုးရှင်းတဲ့ Interface ဖြစ်ပါတယ်။ စစခြင်း Theme တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး ပိုမိုတဲ့ Customization တွေက Setting ထဲမှာရှိနေမှာဖြစ်ပါတယ်။ 


                Setting ကိုဝင်ကြည့်လိုက်မယ်ဆိုရင် ပုံမှန်အတိုင်း Default Browser ရွေးချယ်တာ၊ Start Page တွေသတ်မှတ်တာကို တွေ့ရမှာဖြစ်ပြီး Theme Tab ရောက်ရင်တော့ ထူးခြားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Vivaldi ရဲ့ Default Themes တွေအပြင် "+" ကိုနှိပ်ပြီး ကိုယ်နှစ်သက်တဲ့အရောင်ကို စိတ်ကြိုက်ရွေးချယ်ပြီး သတ်မှတ်ထားနိုင်တဲ့အပြင် Schedule Themes Function က သင့်ရဲ့ Themes တွေကို ဘယ်အချိန်ကနေဘယ်အချိန်အတွင်းမှာ အသုံးပြုမယ်ဆိုတာကို သတ်မှတ်ထားနိုင်ဦးမှာဖြစ်ပါတယ်။ Google Chrome, Mozilla Firefox တို့မှာ Theme တွေ Download ဆွဲလို့ရပေမယ့် Vivaldi ရဲ့ Download ဆွဲစရာမလို ကိုယ်ကြိုက်တဲ့ Theme ကို Store မှာလိုက်ရှာနေစရာမလိုပဲ ကိုယ်ပြုလုပ်ချင်တဲ့အတိုင်းလုပ်နိုင်တာက အားသာချက်ဖြစ်နေမှာပါ။ 

                Start Page မှာတော့ Background Color ရွေးချယ်နိုင်တဲ့အပြင် Background Image ကို Custom ကနေ ကိုယ်ထားချင်တဲ့ ဓါတ်ပုံကိုပါရွေးထားနိုင်ဦးမှာဖြစ်ပါတယ်။ အခြား Browser တွေမှာမရရှိနိုင်တဲ့ Speed dial functions ကို ပြင်ဆင်နိုင်ခွင့်ပါရရှိမှာဖြစ်ပါတယ်။ 

                Windows Tabs bar ဆိုတာအမြဲတမ်းအပေါ်မှာပဲရှိတာပါ။ ဒါပေမယ့် Vivaldi Browser က ပိုပြီးပြင်ဆင်နိုင်ပြီး ဘယ်၊ညာ၊အပေါ်၊အောက် နှစ်သက်သလိုထားနိုင်ပါတယ်။ အခြား Keyboard Shortcut တွေကိုလည်း နှစ်သက်သလိုပြင်ဆင်နိုင်သလို Mouse Touchpad Gestures တွေကိုပါ Support ပြုလုပ်တဲ့ Browser တစ်ခုဖြစ်ပါတယ်။ 


                Settings တွေ ပြင်ဆင်ပြီးရင် ပုံမှန်ဘယ်ဘက်မှာ F4 နှိပ်ပြီး အဖွင့်အပိတ်လုပ်လို့ရတဲ့ Panel တစ်ခုကို မြင်ရမှာဖြစ်ပါတယ်။ Panel Bar မှာ နဂိုအတိုင်းအနေနဲ့ Bookmark, Downloads, History နဲ့ ထူးထူးခြားခြား Notes ပါ ပါဝင်မှာဖြစ်ပါတယ်။ Browser မှာ Notes Built in ပါဝင်တဲ့ တစ်ခုတည်းသော Browser ဖြစ်ပြီး Web Surfing လုပ်နေတုန်း အချို့စာသားတွေကို မှတ်သားချင်တာပဲဖြစ်ဖြစ် အခြားစကားစုတွေကို Browser မှာပဲ အခြား App မလိုအပ်ပဲအသုံးပြုနိုင်ခြင်းက သင့်ရဲ့ Productivity ကိုကျိန်းသေမြှင့်တင်ပေးမှာပါ။ ဒါ့အပြင် Panel bar မှာလည်း နှစ်သက်ရာ Web panel ကို Attach လုပ်ထားနိုင်ပါတယ်။ 

                ပြီးရင် ညာဘက်ထောင့်အောက်မှာ Website Zoom In/Out အပြင် Gray Scale, Invert, Sepia, Monospace Filter နဲ့ အခြား Functions တွေပါဝင်ဦးမှာဖြစ်သလို Data စားသက်သာအောင် ဓါတ်ပုံတွေကို မပေါ်အောင်လည်း ပိတ်ထားနိုင်မှာဖြစ်ပါတယ်။ Vivaldi Browser က ဖွင့်ထားတဲ့ Tabs တွေကို တစ်ခုပေါ်တစ်ခုထပ်ပြီး Merge လုပ်နိုင်တဲ့ Function ပါဝင်တဲ့အတွက် အဲ့ဒီလို Merge လုပ်ထားတဲ့ Tabs တွေကို ဘယ်ညာ၊ အပေါ်အောက် ယှဉ်ကြည့်နိုင်တဲ့ Button ပါဝင်မှာဖြစ်ပါတယ်။ သူရဲ့ ဘေးမှာကတော့ Screenshot button ဖြစ်ပြီး ဘယ်တုန်းကမှ Web Browser မှာ Screenshot ရယူဖို့က ဒီထက်လွယ်ကူတာမရှိခဲ့ဘူးလို့ပြောရလောက်တဲ့အထိ ကောင်းမွန်တဲ့ Feature ပါ။ Page တစ်ခုလုံးကို ရိုက်ယူတာ၊ Selection ရွေးချယ်ရိုက်ယူတာကို အလွယ်တကူလုပ်နိုင်ပြီး jpeg or png နှစ်သက်ရာ Format နဲ့ ရိုက်ယူနိုင်သလို Save မထားချင်ဘူးဆိုရင်လည်း Clip Board ကိုပဲ Copy ပြုလုပ်ထားပေးဦးမှာဖြစ်ပါတယ်။ 

                Vivaldi Browser မှာ မပါမဖြစ်ပြောဖို့လိုအပ်တဲ့ Function က F2 နှိပ်ပြီး ခေါ်ယူနိုင်တဲ့ Quick Commends function ပါ။ တကယ်လို့ Tabs တွေအများကြီး ပြည့်နေအောင်ဖွင့်ထားမိတယ်ဆိုရင် Tab တစ်ခုကနေ တစ်ခုကိုသွားရာက မှားပြီး ပိတ်မိတာမျိုးကြုံဖူးကြမှာပါ။ Vivaldi မှာတော့ F2 နှိပ်ပြီး Quick Commends ခေါ်လိုက်တာနဲ့ ဖွင့်ထားသမျှ Tabs တွေအပြင် ရနိုင်တဲ့ Functions အကုန်ပေါ်လာမှာဖြစ်ပါတယ်။ 

                Vivaldi Browser ရဲ့ Features တွေကို အများကြီးဖြစ်တဲ့အတွက် ကိုယ်တိုင်ပဲစမ်းသပ်ကြည့်ဖို့ပဲ ပြောချင်ပါတယ်။ Google Chrome နီးပါးမြန်ဆန်ပြီး ပါဝင်တဲ့ Features တွေက ကျိန်းသေစိတ်ကျေနပ်မှုရရှိစေမယ့် Browser တစ်ခုဖြစ်ပါတယ်။

Vivaldi ရဲ့ အားနည်းချက်

                Vivaldi ရဲ့ အားနည်းချက်တွေကတော့ Extension Store မပါဝင်တာရယ်၊ Developers တွေအတွက် အရေးကြီးတဲ့ Responsive Design Mode မပါဝင်တာရယ်ပါ။ ဒါပေမယ့် Google Chrome Web Store က Extension အတော်များများလည်း  Vivaldi အလုပ်လုပ်တာကို တွေ့ရပြီး၊ Responsive Design Mode ကတော့ လောလောဆည် Under Development အဆင့်မှာ ရှိနေပြီဆိုတော့ မကြာခင်ဗားရှင်းတွေမှာ ပါဝင်လာဖို့ ရှိလာနိုင်ပါတယ်။ 

                ဒါပေမယ့်  Vivaldi ဟာ Major Browser တွေဖြစ်တဲ့ Chrome, Firefox, Safari တို့လိုမျိုး Mobile App မရှိတာကြောင့်၊ Desktop အသုံးပြုသူတွေပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခုလို Mobile User များလာတဲ့အချိန်မှာ Mobile App တစ်ခု အခုထိမထုတ်ပေးနိုင်တာကတော့ Vivaldi ဟာ Start-up Company တစ်ခုဖြစ်ပြီး၊ Development Team နည်းနေသေးတာကြောင့်လည်း ပါနိုင်ပါတယ်။

                ဒီအတွက် အကြံပေးချင်တာက ကိုယ်က Power User မဟုတ်ဘူးဆိုရင် Security ပိုင်း ပိုမိုစိတ်ချရတဲ့ (ပြောလို့ရတဲ့) Major Browsers တွေပဲ သုံးသင့်ပါတယ်။  ဒါပေမယ့် Major Browser တွေ သုံးရတာ ပျင်းလာပြီး၊ Browser တစ်ခုကို ပုံစံ ကိုယ့်စိတ်ကြိုက်ပြင်သုံးချင်တယ်၊ ကိုယ့်အတွက် အသုံးဝင်မယ်လို့ ထင်တဲ့ တခြား Feature လေးတွေကိုလည်း စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ Vivaldi က သုံးကြည့်သင့်တဲ့ Browser ကောင်းတစ်ခု ဖြစ်ပါတယ်။

                Major Browser တွေပဲ သုံးသင့်တဲ့ နောက်ထပ်တစ်ချက်က Web Security ပိုင်းပါ။ မကြာခင်တုန်းက လူသိပ်မသိတဲ့ Comodo ဆိုတဲ့ Browser ဟာ HTTPS Encryption ကို ချိုးဖျက်ထားကြောင်း Google က တွေ့ရှိခဲ့ပါတယ်။ ဒါတောင် Comodo browser ဆိုတာ Security Software Company က လုပ်တဲ့ Browser ပါ။ Comodo ဟာ ဒီအတွက် Fix တစ်ခု ထုတ်ပေးခဲ့ပေမယ့်၊ ဘယ်လောက် အကြောတင်းလဲဆို အဲဒီ Fix မှာကိုက HTTP Encryption problem မပါဝင်ကြောင်း Google က ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒီလိုမျိုး Lesser-known browser တွေလို့ ပြောလို့ရတဲ့ လူသုံးနည်းတဲ့ Browser တွေကို မသုံးသင့်တဲ့ အချက်ထဲမှာ ဒီအချက်တွေက အဓိကပါဝင်ပါတယ်။ ယုံကြည်ချင်စရာမရှိလို့ပါ။

                ဒီမှာ ပြောချင်တာက Google တို့ကိုပဲ ပစ်ယုံလို့ ပြောချင်တာမဟုတ်ပါဘူး။ ဒါပေမယ့် Google ဟာ ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး၊ Security Researchers တွေ အပါအဝင် အားလုံးက Google ကို စောင့်ကြည့်နေကြပါတယ်။ ဒါကြောင့် Google ဟာ ခင်ဗျားရဲ့ Credit Card နံပါတ်ကို မခိုးဘူးလို့ သေချာပေါက် ဆိုနိုင်ပါတယ်။ သူ့မှာ တခြားကြော်ငြာလုပ်ငန်းတွေကနေတင် တစ်နေ့တစ်နေ့ ငွေသန်းချီရနေတာပါ။ တကယ်လို့ Google က အဲ့လောက် ရုပ်ပေါက်ပြီး၊ Chrome မှာ တစ်ခုခုလုပ်မယ်ဆိုရင်လည်း Developer တစ်ယောက် Security Researcher တစ်ယောက်က သိသွားတာနဲ့တင် ကုမ္ပဏီတစ်ခုလုံး လုံးဝအဖတ်ဆည်ရမှာမဟုတ်တော့ပါဘူး။ အဲ.. ဒါပေမယ့် ဘာမှနာမည်သိပ်မရှိတဲ့ ကုမ္ပဏီတွေကတော့ Google လိုမျိုး ဂုဏ်နဲ့ နာမည် ထိန်းမှာမဟုတ်ပါဘူး။

                Vivaldi ကို ယုံကြည်ရစေလောက်တဲ့ အချက်တစ်ခုကတော့ Security Update ပုံမှန်ပေးတဲ့အပြင်၊ Vivaldi ကို ဖန်တီးထားသူတွေက အရင် Opera CEO ဟောင်း အပါအဝင် Opera က လူတွေပါ။ Opera အသစ်မှာ ဖြုတ်ချလိုက်တဲ့ Power-user Feature တွေကို သဘောမကျတာရယ်၊ Opera ရဲ့ Policy တွေကို သဘောမကျတာရယ်ကြောင့် Vivaldi ကို မွေးထုတ်ခဲ့တာပါ။ သူတို့ရဲ့ အားထုတ်မှုကတော့ အသိအမှတ်ပြုသင့်တဲ့အပြင်၊ Vivaldi ရဲ့ Performance ကလည်း ခင်ဗျားကို စိတ်ပျက်စေမှာမဟုတ်ပါဘူး။ 

References
Vivaldi HowToGeek
About Author
Assinged Tags
Featured Articles Browser Website Vivaldi Vivaldi Browser
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed