iOS အတွက် အကောင်းဆုံး Professional Camera App များ

date_range 02 June 2017

iOS အတွက် အကောင်းဆုံး Professional Camera App များ

visibility 14080 Views

                iOS Devices တွေ၊ အထူးသဖြင့် iPhone တွေဟာဆိုရင် ကောင်းမွန်ထူးခြားတဲ့ ဓာတ်ပုံတွေကို ဖမ်းယူရိုက်ကူးနိုင်ပါတယ်။ iPhone ရဲ့ Original Camera ဟာကောင်းမွန်တယ်ဆိုပေမဲ့လည်း Pro ဆန်ဆန်တော့ အသုံးပြုလို့တော့ မရပါဘူး။ 

                ဒီတော့ Manual Controls တွေ အစုံအလင်ပါဝင်ပြီး Pro တစ်ယောက်လို အသုံးချနိုင်မယ့် iOS အတွက် အကောင်းဆုံး Professional Camera App ၉ ခုတို့ရဲ့ အကြောင်းကို ရေးသားတင်ဆက်လိုက်ပါတယ်...

1. Camera+

                ကျနော့် Personal Taste အရတော့ Camera+ ကို No.1 မှာ ရွေးချယ်ထားပါတယ်။ App Store မှာလဲ အရောင်းရဆုံး၊ Popular အဖြစ်ဆုံး၊ Professional Camera App အဖြစ် ခဏခဏ ရွေးချယ်ခံရတဲ့ App လည်း ဖြစ်ပါတယ်။ 

                ဟုတ်ပါတယ်။ Camera+ ဟာ ကောင်းတာထက်ကို ပိုမိုကောင်းမွန်တယ်လို့ ဆိုလို့ရပါတယ်။ ကျနော် အဓိကအကြိုက်ဆုံး Feature အနေနဲ့ကတော့ Focus ကို Lock လုပ်ထားပြီး Exposure ကို နောက်တစ်နေရာမှာ ထပ်ပြီး ချိန်ညှိယူနိုင်တာပါပဲ။ 

                သူ့ရဲ့ Manual Controls တွေဟာလဲ ရိုးရိုးရှင်းရှင်းနဲ့ Familiar ပိုဖြစ်ပါတယ်။ 3D Touch ကိုအသုံးချပြီး ထိန်းချုပ်မှူတွေ ပြုလုပ်နိုင်ပါသေးတယ်။

 

                JPEG/TIFF ဒါမှမဟုတ် RAW Format တွေနဲ့လည်း ရိုက်ကူးနိုင်တယ်။ သူ့မှာပါဝင်တဲ့ Macro Mode ဟာလဲ Mobile Camera App တစ်ခုအတွက် ပြည့်စုံလွန်းပါတယ်။ Zoom Function ဟာလဲ အသုံးပြုရတာ လွယ်ကူပါတယ်။ 

                Timer Shots တွေကို Apple Watch ကနေလည်း ထိန်းချုပ်နိုင်ပါတယ်။ Camera+ က နာမည်ပေးထားတဲ့ "LightBox" ဆိုတဲ့ In-App Editing Features တွေဟာဆိုရင်လည်း Editing App မလိုလောက်အောင်ကို ပြည့်စုံလွန်းပါတယ်။


                သင်ဟာ iOS အတွက် အကောင်းဆုံး Professional Camera App တစ်ခုကို ရှာဖွေနေတာဆိုရင် အမေရိကန်ဒေါ်လာ ၂.၉၉ ဒေါ်လာ ပေးရတဲ့ Camera+ ဟာ ပေးရတဲ့ဈေးနဲ့ အရမ်းတန်တဲ့ အသုံးဝင်လှတဲ့ Professional Camera App တစ်ခုလို့ ပြောပါရစေ။

Download Camera+ Here!

2. Procam 4

                Procam 4 ဟာလဲ အရမ်းနာမည်ကြီးပြီး အကောင်းဆုံး Professional Camera App စာရင်းတွေထဲမှာ ဖော်ပြခံရပါတယ်။ User Interface ကလဲရိုးရှင်းတယ်။ အထူးခြားဆုံးကတော့ Long Exposure ရိုက်ကူးမှူတွေ အတွက် လွယ်ကူရိုးရှင်းတဲ့ Settings တွေပါဝင်မှူပါပဲ။

                အသုံးတည့်လှတဲ့ Night Mode ပါဝင်တယ်။ RAW Format နဲ့ရော TIFF Format နဲ့ရော ရိုက်ကူးနိုင်မယ်။ ရိုးရှင်းတဲ့ In-App Setting တွေပါဝင်တယ်။ EXIF (Exchangeable Image File) Data တွေ ပြန်ကြည့်ဖို့၊ Manual Setting တွေကို ကိုင်တွယ်ဖို့၊ 3D Touch ကို Support ပေးထားပါတယ်။

 

                Editing Features တွေကတော့ သာမန်လောက်ပဲပါတာ တွေ့ရပါတယ်။ Camera + လိုမျိုး ထူးခြားတဲ့ Editing Features တွေတော့ မပါဝင်ပါဘူး။ ProCam4 ကို App Store မှာ အမေရိကန်ဒေါ်လာ ၄.၉၉ ဒေါ်လာ နဲ့ ဝယ်ယူနိုင်ပါတယ်။

Download Pro Cam 4 Here!

3. Manual

                Manual ဆိုတဲ့ အတိုင်း နာမည်နဲ့လိုက်အောင် ကောင်းတဲ့ Professional Camera App တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ အဓိကအကောင်းဆုံး အချက်ကတော့ ရိုးရှင်းလွန်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ User Interface ပါပဲ။

                ကိုယ်ထိန်းချုပ်လိုက်တဲ့ Controls တွေအတိုင်း အချိန်နဲ့တပြေးညီပြပေးမဲ့ Live Histogram ၊ ထင်ရှားပြီး ရိုးရှင်းလွန်းတဲ့ ExposureControl, Shutter Speed Control,  Auto, Manul Focus တို့ဟာ Manual ရဲ့ အမှတ်အသား တစ်ခုလို့တောင် ပြောလို့ရပါတယ်။


Manual ကို App Store မှာ အမေရိကန်ဒေါ်လာ ၃.၉၉ ဒေါ်လာ နဲ့ ဝယ်ယူနိုင်ပါတယ်။

Download Manual Here!

4. Proshot

                Proshot ဆိုတဲ့ နာမည်နဲ့လိုက်အောင် Pro Shots တွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။ ကျွန်တော်ကြိုက်တဲ့ အချက်တစ်ခုက Mobile Camera တစ်ခုကို Light Paint အတွက် Shutter Speed ကို Infinity ပေးထားတာပါပဲ။

 

                Star Trails တွေရိုက်မလား၊ Long Exposure တွေ ရိုက်မလား၊ ပြည့်စုံလွန်းလှပါတယ်။ Zoom Function ကို One Tap ထိရုံနဲ့တင် 50x အထိပေးထားတာကြီးကတော့ လွန်လွန်အားကြီးတယ်လို့ ထင်မသွားပါနဲ့။ Third Party Lens တွေနဲ့ဆို အဲ့ဒီ့ 50x Zoom ကို အသုံးချနိုင်ပါလိမ့်မယ်။

                Auto/Program စတဲ့ DSLR Style Settings တွေ ဖန်တီးပေးထားပါတယ်။ RAW(DNG) Format နဲ့ ရိုက်ကူးနိုင်ပါတယ်။ တစ်ခုပဲ။ In-App Editing Features တွေတော့ မပါဝင်ပါဘူး။


                ဒါပေမယ့်လည်း Editing အတွက် Snapseed လို App တွေရှိနေပြီပဲ။ App Store မှာ အမေရိကန်ဒေါ်လာ ၃.၉၉ ဒေါ်လာ ပေးရတဲ့ဈေးနဲ့ တန်တယ်လို့ပဲ ပြောပါရစေ။

Download Proshot Here!

5. VSCO 

                VSCO ဟာ အခမဲ့ရရှိနိုင်တဲ့ ရှားရှားပါးပါး Professional Camera App တစ်ခုပါ။ Manual Controls တွေဟာလည်း အသုံးပြုရတာ လွယ်ကူပါတယ်။ ပိုက်ဆံပေးဝယ်ရတဲ့ Professional Camera App တွေထက်မသာတောင် မညံ့တဲ့အနေအထားမှာ ရှိပါတယ်။


                Editing Features တွေဟာဆိုရင်လည်း မိုက်ပါတယ်။ "VSCO Connect" လို့ နာမည်ပေးထားတဲ့ Social Media တစ်ခုလည်း Built-In ပါဝင်ပါတယ်။ ကိုယ့်ဖန်တီးမှုတွေကို Upload ပြုလုပ်နိုင်သလို အခြားသူတွေ VSCO နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုပါ လေ့လာလို့ ရနိုင်ပါတယ်။စမ်းသပ်သုံးစွဲကြည့်လိုက်ပါလို့ အကြံပြုပါရစေ။

Download VSCO Here!

6. Pro HDR X

                HDR ရိုက်ချက်တွေအတွက် ကျွန်တော်အကြိုက်ဆုံး Professional Camera App ကို ပြောပါဆိုရင် Pro HDR X ကို ညွှန်းရပါလိမ့်မယ်။ အမိုက်ဆုံး Feature ကတော့ Exposure မတူညီတဲ့ ဓာတ်ပုံ ၃ ပုံကို Blend လုပ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

                ဘယ်လိုမျိုး အဓိကအသုံးဝင်လဲဆိုတော့ အခုအောက်မှာ ပြထားတဲ့ ပုံထဲကလိုပဲ နေရှိရာဘက်ကို တည်ရိုက်တဲ့ အခါ Original Camera App နဲ့ ရိုက်ရင် Focus ကို တစ်နေရာတည်းပဲ ဖြတ်ရိုက်လို့ရပါလိမ့်မယ်။

 

                နေကို Focus ဖြတ်လိုက်ရင် လူက မဲသွားမှာဖြစ်ပြီး။ လူကို Focus ဖြတ်ပြန်တော့လည်း ကောင်းကင်ကြီးတစ်ခုလုံး ဖွေးထွက်သွားပါလိမ့်မယ်။ ဒီပြဿနာကို Pro HDR X က Focus သုံးနေရာ မတူညီတဲ့ Exposure သုံးမျိုးနဲ့ ဓာတ်ပုံသုံးပုံလုံး တစ်ချိန်တည်းရိုက်ယူလိုက်ပြီး တစ်ပုံတည်းအဖြစ် ပြန်ထုတ်ပေးပါတယ်။

                နောက်ဆုံး Final Shot မှာလဲ HDR Color ကို စိတ်ကြိုက်ချိန်ညှိယူနိုင်ပါသေးတယ်။ DSLR တွေမှာတောင် Filter ခံရိုက်ရတဲ့ ရိုက်ချက်မျိုးကို Mobile Camera App က အတော်အသင့် Quality ရအောင် ထုတ်ပေးနိုင်တာဆိုတော့ App Store မှာ အမေရိကန်ဒေါ်လာ ၁.၉၉ ဒေါ်လာ ပေးရတဲ့ ဈေးဟာအရမ်းကို တန်လွန်းပါတယ်။

Download Pro HDR X Here!

7. NightCap Pro

                နာမည်နဲ့လိုက်အောင်ပဲ အံ့သြရလောက်တဲ့ Night Shots တွေကို ရိုက်ကူးနိုင်ပါတယ်။ Manual Controls တွေ စုံလင်လှတဲ့အပြင် မိတ်ဆွေတို့အရမ်းရိုက်ချင်တဲ့ Long Exposure နဲ့ Star Trails တွေ ရိုက်ကူးနိုင်ပါလိမ့်မယ်။


                User Familiar ဖြစ်တဲ့ Settings တွေ၊ သပ်ရပ်တဲ့ User Interface တွေနဲ့ ညဘက်တင်မဟုတ်ပဲ နေ့ဘက်မှာလဲ ပုံမှန် Camera App တစ်ခုလို ရိုက်ကူးနိုင်ပါတယ်။ Black And White Setting ပါ ထပ်ဆောင်းပါဝင်သေးတယ်ဗျ။

 

                ကဲ Night Cam တွေထဲမှာ ဘယ် Camera App ကိုသုံးရမှန်း မသိဖြစ်နေရင် App Store မှာ အမေရိကန်ဒေါ်လာ ၁.၉၉ ဒေါ်လာ ပေးရတဲ့ Night Cap Pro ကိုသာ ရွေးချယ်လိုက်ပါ။

Download Night Cap Pro Here!

8. Slow Shutter Cam

                Manual Controls တွေအကြောင်း ထဲထဲဝင်မသိလို့ လွယ်လွယ်ကူကူ ခလုတ်ကလေး တစ်ချက်နှိပ်ရုံနဲ့ Long Exposure နဲ့ Light Trails တွေ ရိုက်ကူးချင်ပါသလား? Slow Shutter Cam ကို သာ ရွေးချယ်လိုက်ပါ။

 

                ကိုယ်လိုချင်တဲ့ Shutter Speed ကိုချိန်ညှိပေးရုံပါပဲ။ ကျန်တာအကုန်လုံး App က လုပ်ပေးသွားပါလိမ့်မယ်။ Brightness, Contrast စတဲ့ Basic Editing Features လေးတွေကိုလဲ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။


                Slow Shutter Cam ကို App Store မှာ အမေရိကန်ဒေါ်လာ ၁.၉၉ ဒေါ်လာနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။

Download Slow Shutter Cam Here!

9. Original iPhone Camera

                နောက်ဆုံးတော့လည်း ဟောင်းနေပေမယ့် ကောင်းနေဆဲ၊ သုံးရအလွယ်ဆုံးနဲ့ အရိုးရှင်းဆုံး၊ ကိုယ့် iDevice ရဲ့ Original Camera ကိုသာ အသုံးချလိုက်ပါ။

 

                Manual Controls တွေတော့ မပါဝင်သေးဘူးဆိုပေမယ့် iOS 8 ကစလို့ Exposure ကို  လွယ်ကူစွာ ထိန်းချုပ်ခွင့်ပေးလိုက်ပြီဆိုတော့ အကောင်းဆုံးမဟုတ်ရင်တောင် အရမ်းကြီးမဆိုးတဲ့ Shots တွေကိုတော့ ရိုက်ကူးနိုင်မှာပါ။


                Focus ပိုင်းဆိုလဲ One Tap နဲ့ လွယ်ကူစွာ ဖြတ်နိုင်ပါတယ်။ နေလုံးပုံလေးကို အပေါ်အောက် အသာလေးဆွဲလိုက်ရင် Exposure ကို အလွယ် ချိန်ညှိနိုင်ပါတယ်။ လက်နဲ့ Focus ဖြတ်ချင်တဲ့နေရာကို အသာလေးဖိထားလိုက်မယ်ဆိုရင် Exposure နဲ့ Focus ကိုပါ Lock လုပ်နိုင်ပါလိမ့်မယ်။

This Article is Contributed by SHiN3
References
TechX Features
About Author
Assinged Tags
iPhone iOS App Store Camera App
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed