Xiaomi Mi Max 2 နဲ့  Mi Max ဘာတွေကွာခြားသွားလဲ?

date_range 27 May 2017

Xiaomi Mi Max 2 နဲ့ Mi Max ဘာတွေကွာခြားသွားလဲ?

visibility 15680 Views

                Xiaomi ကနေ တနေ့က Mi Max Series ဖုန်းအသစ်ဖြစ်တဲ့ Mi Max 2 ကို ထုတ်လုပ်ခဲ့တာကို သိကြမှာပါ။ အသစ်ထွက်လာတဲ့ Mi Max 2 က မနှစ်ကထွက်ခဲ့တဲ့ ရောင်းအားကောင်းတဲ့ဖုန်းတစ်ခုဖြစ်တဲ့ Mi Max ထက် ဘာတွေပိုကောင်းလာတယ်၊ ဘာတွေကွာခြားသွားမလဲ ဆိုတာကို နှိုင်းယှဉ်ပြသွားမှာဖြစ်ပါတယ်။

Design

                Mi Max 2 ရဲ့ Design က Mi Max ရဲ့ Design ကိုပဲ အခြေခံထားတာဆိုတော့ တူတယ်လို့ပြောလို့ရပေမယ့် သေချာကြည့်မယ်ဆိုရင် Mi Max 2 က Full Metal Unibody နဲ့တည်ဆောက်ထားတာဖြစ်ပြီး ဘေးဘောင်တွေကို ပိုပြီးခုံးထားပေးတဲ့အပြင် အင်တာနာလိုင်းတွေကိုပါ ဖုန်းရဲ့အပေါ်ဘက်နဲ့ အောက်ဘက်မှာ ပြောင်းလဲအသုံးပြုထားတာဖြစ်ပါတယ်။ Design အရတော့ Mi Max 2 ဟာ Mi Max ထက်ပိုလှပြီးတော့ Xiaomi အမြင့်ပိုင်းဖုန်းတွေဖြစ်တဲ့ Mi 5, Mi 5c နဲ့တောင် သွားဆင်နေပါသေးတယ်။



Display

                Mi Max ရော Mi Max 2 ရော တူညီတဲ့ 6.44 Inches IPS LCD Display ကို အသုံးပြုထားပြီးတော့ Resolution အနေနဲ့ တူညီတဲ့ Full HD 1080 x 1920 pixels ကို အသုံးပြုထားတာဖြစ်တဲ့အတွက် Display ပိုင်းမှာတော့ တူတူပဲလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Mi Max 2 မှာ Screen Brightness က 450 Nits လို့ ကြေငြာထားတဲ့အတွက် Mi Max ထက်တော့ ပိုပြီး Maximum Brightness မြင့်မားမှာဖြစ်ပါတယ်။


Performance

                Performance ပိုင်းမှာတော့ Mi Max က 16/32GB Version မှာ Qualcomm Snapdragon 650 Hexa Core 1.8GHz CPU, 64/128GB Version မှာ Qualcomm Snapdragon 652 Octa Core 1.8GHz ကို အသုံးပြုထားပြီးတော့ Mi Max 2 မှာတော့ ပါဝါစားသက်သာတဲ့ 14nm Architecture သုံး Qualcomm Snapdragon 625 Octa Core 2.0Ghz ကို သုံးထားပါတယ်။ Mi Max 2 က ပိုပြီး Clock Speed မြင့်ပေမယ့် Snapdragon 625 မှာ Low Power Cortex A53 Cores 8 ခုပဲ ပါဝင်ပြီး Snapdragon 650/652 တွေလို High Power A72 Cores တွေမပါဝင်တော့တဲ့အတွက် Xiaomi က Mi Max 2 မှာ Performance ပိုင်းကို အနည်းငယ်လျှော့ချပြီး Battery စားသက်သာအောင် အဓိကထားထုတ်ထားပုံရပါတယ်။


Battery

                Battery ပိုင်းမှာတော့ Mi Max မှာ ကြီးမားတဲ့ 4850mAh Battery နဲ့ Qualcomm Quick Charge 2.0 ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Mi Max 2 မှာတော့ ပိုပြီးကြီးမားတဲ့ 5300mAh Battery ကို တပ်ဆင်ထားပြီး Qualcomm Quick Charge 3.0 နဲ့ Parallel Charging စနစ်ကြောင့် တစ်နာရီအားသွင်းရုံနဲ့ 68% အထိ အားပြန်လည်ပြည့်မှာဖြစ်ပါတယ်။ Mi Max 2 ရဲ့ Battery က ရုပ်ရှင်ပဲဆက်တိုက်ကြည့်မယ်ဆိုရင်တောင်မှ ၁၈ နာရီအထိ ဆက်တိုက်ကြည့်နိုင်မယ်ဆိုတော့ Mi Max နဲ့ယှဉ်ရင် အများကြီးပိုကောင်းလာတယ်လို့ သတ်မှတ်လို့ရမှာပါ။


Camera 

                Mi Max မှာ 16 Megapixels Back Camera ပါဝင်ပြီးတော့ Mi Max 2 မှာတော့ Megapixels အရပိုပြီးနည်းတဲ့ 12 Megapixels Back Camera ကို အသုံးပြုထားပါတယ်။ ဒါပေမယ့် Mi Max 2 မှာ သုံးထားတဲ့ Camera Sensor ဟာ လက်ရှိ Xiaomi ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်တဲ့ Xiaomi Mi 6 ဖုန်းရဲ့ Sony IMX 386 Sensor ကို သုံးထားတာဖြစ်ပါတယ်။ အဲ့ဒီတော့ Megapixels အရပိုနည်းပေမယ့် Mi Max 2 ရဲ့ Camera က ယခင် Mi Max ထက် သိသိသာသာ ပိုကောင်းလာပါလိမ့်မယ်။ Video ရိုက်ကူးမှုတွေအရတော့ ဖုန်းနှစ်ခုစလုံးက 4K Video တွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Front Selfie Camera ကတော့ ဖုန်းနှစ်မျိုးစလုံး 5 Megapixels Camera ပဲ တပ်ဆင်ထားကြပါတယ်။


Other Features 

                Mi Max ရော Mi Max 2 ရော Dual Sim Support လုပ်ပြီး Sim 2 slot မှာ Memory card ထည့်သွင်းနိုင်မှာပါ။ Charging Port ကတော့ Mi Max မှာ ရိုးရိုး Micro USB ပဲသုံးထားပြီး Mi Max 2 မှာတော့ USB Type C ကို အဆင့်မြှင့်တင်ထားပါတယ်။ Mi Max က Android Version 6.0 နဲ့ထွက်ရှိထားပြီး အခုလက်ရှိ Android 7.0 ကိုအဆင့်မြှင့်တင်နိုင်နေပြီဖြစ်တဲ့အတွက်ကြောင့် Mi Max 2 မှာ သုံးထားတဲ့ Android 7.1.1 နဲ့ ယှဉ်ရင် သိပ်ကွာဟချက်မရှိဘူးလို့ သတ်မှတ်နိုင်မှာပါ။

                ထူးခြားချက်အနေနဲ့ Mi Max 2 ဟာ Xiaomi ဖုန်းတွေထဲမှာ App နှစ်ခုကို တစ်ပြိုင်တည်းအသုံးပြုနိုင်တဲ့ Split Screen Features ပါဝင်တဲ့ ပထမဆုံးဖုန်းဖြစ်ပါတယ်။ 

                ဒီ့အပြင် Mi Max တုန်းက မပါဝင်ခဲ့တဲ့ Stereo Speakers တွေလည်း Mi Max 2 မှာ ပါဝင်လာတာကြောင့် အရင် Mi Max ထက် အသံအရည်အသွေး ပိုမိုကောင်းမွန်လာမှာပါ။


                လက်ရှိ Mi Max ကို RAM 2GB - 16GB, RAM 3GB - 32/64GB, RAM 4GB - 128GB ဆိုပြီး ဝယ်ယူရရှိနိုင်နေပေမယ့် Mi Max 2 မှာတော့ RAM 4GB - 64GB, RAM 6GB - 128GB ဆိုပြီးပဲ ရောင်းချမှာဖြစ်ပါတယ်။ အဲ့ဒီတော့ ရွေးချယ်စရာ ပိုများပြီး ဈေးပိုသက်သာတဲ့ Mi Max နဲ့ ဘက်စုံ ပိုပြီး အဆင့်မြှင့်တင်ထားတဲ့ Mi Max 2 ဖုန်း ၂ မျိုးမှာ ဘယ်ဖုန်းကိုများရွေးချယ်ချင်ပါသလဲ ခင်ဗျာ...။

References
TechX Myanmar
About Author
Assinged Tags
Xiaomi Featured Articles Mi Max 2 Mi Max Comparison
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed