ဒီနေ့ဟာ Apple မှ Mighty Mouse ကို စတင်ထုတ်လုပ်ရောင်းချခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 02 August 2017

ဒီနေ့ဟာ Apple မှ Mighty Mouse ကို စတင်ထုတ်လုပ်ရောင်းချခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 280 Views

                သြဂုတ် ၂၊ ၂၀၀၅ ခုနှစ်ဟာ Apple ကုမ္ပဏီကနေ Mighty Mouse ကို စတင်ရောင်းချခဲ့တဲ့နေ့ဖြစ်ပါတယ်။ သိပ်မကြာခင်မှာပဲ Wireless အနေနဲ့ Bluetooth အသုံးပြုထားတဲ့ Mighty Mouse တွေလည်း ထွက်ရှိလာခဲ့ပါသေးတယ်။

                Mighty Mouse မှာ Laser Tracking နည်းပညာပါ၀င်ပြီး Left Capacitive Sensor, Right Capacitive Sensor, Trackball, Pressure Sensor နဲ့ Side Squeeze Sensor တွေနဲ့ Mac OS ပေါ်မှာလိုသလိုထိန်းချုပ်လို့ရအောင် ပြုလုပ်ပေးထားပါတယ်။ Wireless Mouse တွေကိုတော့ Power အနေနဲ့ AA ဓာတ်ခဲ တစ်လုံး (သို့မဟုတ်) နှစ်လုံးအသုံးပြုပေးရမှာပါ။

                Mighty Mouse ဟာ Mac OS ပေါ်မှာတော့ Third-Party Software မလိုပဲ ထည့်သွင်းပေးထားတဲ့ Sensor တွေရဲ့ Function တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Clicking ပြုလုပ်ရာမှာလည်း Left-Click နဲ့ Right-Click အတွက် လက်ချောင်းတစ်ချောင်းတည်းကို အသုံးပြုရမှာဖြစ်ပြီး Mouse ပေါ်မှာ ဘယ်ဘက် (သို့မဟုတ်) ညာဘက်ကို ဖိပေးမှသာ သက်ဆိုင်တဲ့ Click Function ကိုဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။

                Wireless Mighty Mouse ရောင်းချမှုကို အောက်တိုဘာ ၂၀၊ ၂၀၀၉ ခုနှစ်မှာရပ်တန့်ခဲ့ပြီး Multi-Touch ပြုလုပ်လို့ရတဲ့ Magic Mouse ကိုအစားထိုးရောင်းချခဲ့ပါတယ်။ တစ်နေ့တည်းမှာပဲ USB နဲ့ချိတ်ဆက်အသုံးပြုရတဲ့ Wired Mighty Mouse တွေကို Apple Mouse အဖြစ် ပြောင်းလဲခေါ်ဆိုခဲ့ပေမဲ့ ရောင်းချမှုကိုရပ်တန့်တာမျိုးမပြုလုပ်ခဲ့ပါဘူး။

                Wired Mighty Mouse (Apple Mouse) ရဲ့ရောင်းချမှုကိုတော့ ဇွန် ၅၊ ၂၀၁၇ ခုနှစ်မှာ လုံး၀ရပ်တန့်ခဲ့ပါတယ်။

References
Day In Tech History Wikipedia
About Author
Assinged Tags
macOS macOS Mighty Mouse Apple Mighty Mouse Magic Mouse
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed