ဇူလိုင် ၂၃၊ ၁၈၈၆ ခုနှစ်မှာ Gottlieb Daimler ကနေ သူ့ရဲ့တီထွင်မှုအသစ်ဖြစ်တဲ့ ပထမဦးဆုံး ကား Model ကိုပြသခဲ့ပါတယ်။
ပထမဦးဆုံးကားဆိုပေမဲ့ မြင်းလှည်းနဲ့ပုံစံဆင်တူပြီး 1.1 Horsepower အားရှိတဲ့ Cylinder Engine တစ်လုံးကို နောက်ဘက်ခုံနားမှာတပ်ဆင်ထားပါတယ်။ ပထမဦးဆုံးကားရဲ့ အမြန်နှုန်းဟာ 16 km/h ပဲရှိပါတယ်။
နောက်ထပ် ၁၇နှစ်အကြာမှာတော့ Ford Motor ကုမ္ပဏီကနေ 45 km/h ထိအမြန်နှုန်းရှိတဲ့ Ford Model A ဆိုတဲ့ကားကို ပထမဦးဆုံးအနေနဲ့ ရောင်းချနိုင်ခဲ့ပါတယ်(ပုံကိုအပေါ်မှာပြထားပါတယ်)။ Model A မှာတော့ 8 Horsepower အားရှိတဲ့ Twin Cylinder Combustion Engine တစ်လုံးပါ၀င်ခဲ့ပါတယ်။
Join Us On