ဒီနေ့ဟာ Donkey Kong ဂိမ်းကို စတင်ထုတ်လုပ်ခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 10 July 2017

ဒီနေ့ဟာ Donkey Kong ဂိမ်းကို စတင်ထုတ်လုပ်ခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 240 Views

                ဇူလိုင် ၉၊ ၁၉၈၁ ခုနှစ်မှာ Donkey Kong ဆိုတဲ့ Arcade ဂိမ်းကို စတင်ထုတ်လုပ် ဖြန့်ချိခဲ့ပါတယ်။ ဒီဂိမ်းလေးကို ၉၀ ခုနှစ်ဖွားတွေ အတော်များများဆော့ဖူးကြမယ်ထင်ပါတယ်။ Arcade Platformer ဂိမ်းအမျိုးအစားဖြစ်ပြီး စတင်ထွက်ရှိတုန်းကတော့ Arcade Console စက်အကြီးကြီးတွေပေါ်မှာပဲကစားလို့ရခဲ့တာပါ။  ၁၉၈၅ မှာတော့ Nintendo Entertainment System (NES) Console အတွက် Donkey Kong ကိုပြန်လည်ထုတ်လုပ်ပေးခဲ့ပါတယ်။

                ဂိမ်းရဲ့အဓိကဇာတ်ကောင်အနေနဲ့ Mario (Jumpman မှတစ်ဆင့် Mario ဆိုပြီးနာမည်ပြောင်းလဲခဲ့ပါတယ်) ကနေပြီးတော့ Donkey Kong ဆိုတဲ့မျောက်ဝံကြီးမှ ပစ်ချတဲ့ စည်ပိုင်းတွေကို ရှောင်ရှား၊ အခက်အခဲနဲ့ တခြား In-Game ရန်သူတွေကိုရှောင်ရှားပြီး မင်းသမီး Pauline (Lady မှတစ်ဆင့် Pauline ဆိုပြီးနာမည်ပြောင်းလဲခဲ့ပါတယ်) ကိုကယ်ဖို့ အပေါ်ကိုရောက်အောင် ကြိုးစားတက်ရမှာဖြစ်ပါတယ်။

                Graphics တွေမကောင်းခဲ့သလို ခုန်တာနဲ့ အပေါ်၊ အောက်၊ ဘယ်၊ ညာ သွားရုံကလွဲ ထူးထူးခြားခြားစိတ်လှုပ်ရှားစရာ Story လည်းမပါ၀င်ခဲ့ပေမဲ့ ငယ်ဘ၀တုန်းကအမြဲ TV ရှေ့ကမထပဲ ထိုင်ဆော့ခဲ့တဲ့ ဂိမ်းကောင်းတစ်ခုပါပဲ။ Happy 36th Birthday ပါ Donkey Kong ရေ။

References
Wikipedia
About Author
Assinged Tags
Nintendo Mario Donkey Kong NES NES 64
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed