Final Cut Pro X ကို အသုံးပြုသူအရေအတွက် ၂ သန်းကျော်သွားပြီလို့ ကြေငြာလိုက်တဲ့ Apple

date_range 27 April 2017

Final Cut Pro X ကို အသုံးပြုသူအရေအတွက် ၂ သန်းကျော်သွားပြီလို့ ကြေငြာလိုက်တဲ့ Apple

visibility 240 Views

                အမေရိကန်နိုင်ငံ Las Vegas မြို့မှာကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ရုပ်သံထုတ်လွှင့်သူများ အဖွဲ့အစည်း ညီလာခံမှာ Apple က တစ်ကမ္ဘာလုံးမှာ Final Cut Pro X ကို အသုံးပြုသူအရေအတွက် ၂ သန်းကျော်သွားပြီလို့ ကြေငြာလိုက်ပါတယ်။

                Final Cut Pro ဆိုတဲ့ Apple ကိုယ်တိုင်ရေးသားထားတဲ့ Professional Video Editing Software ဖြစ်ပြီး အသုံးပြုရလွယ်ကူပြီး၊ မြန်ဆန်မှုရှိတာကြောင့် အသုံးပြုသူများပါတယ်။ TechX ကနေတင်ဆက်နေတဲ့ Video တွေကိုလည်း Final Cut Pro နဲ့ပဲ တည်းဖြတ်တာ ဖြစ်ပါတယ်။

                ၂၀၁၁ ခုနှစ်ကမှ Video Editor တွေလက်ထဲ ရောက်ခဲ့တဲ့ Final Cut Pro ဟာ အသုံးပြုသူ ၁ သန်းကနေ၊ ၂ သန်းဆိုတဲ့ အရေအတွက်ကို ရောက်ရှိဖို့အတွက် အချိန်သိပ်မယူခဲ့ရပါဘူးလို့ Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။


                Final Cut Pro ကို အသုံးပြုသူ Video Editor တွေအနေနဲ့ ကြားကာလတွေမှာ Feature တွေပျောက်နေတာတွေ၊ Software အသွင်အပြင်ကို ခဏခဏ ပြောင်းလဲနေတာကြောင့် အသုံးပြုရတာ ခက်ခဲတာတွေ၊ စသည်ဖြင့် Complain တက်မှုတွေကိုတော့ ကြုံခဲ့ရပါသေးတယ်။

                အဲ့ဒီ့နောက်ပိုင်းကစပြီး Apple အနေနဲ့ Final Cut Pro ကို အသေးစိတ်ပြန်လည် ပြုပြင်မှုတွေ၊ Feature အသစ်တွေ ထပ်ထည့်ပေးတာတွေကို မှန်မှန်လေး ပြုလုပ်ပေးခဲ့တာကြောင့်လည်း အခုလိုမျိုး လူသုံးများရခြင်း ဖြစ်ပါတယ်။

                ဒါပေမယ့် Apple အနေနဲ့ ပြိုင်ဘက်ဖြစ်တဲ့ Adobe ရဲ့ Premiere Pro CC နဲ့ကတော့ စဉ်ဆက်မပြတ် ယှဉ်ပြိုင်နေရဦးမှာပဲ ဖြစ်ပါတယ်။

                Apple အနေနဲ့ မကြာသေးမီကာလကပဲ Final Cut Pro အတွက် 360 VR Plugin ရေးသားသူ Tim Dashwood ကို ခေါ်ယူခဲ့ပြီး (အပြည့်အစုံကို ဒီမှာ ဖတ်ရှုပါ) ကျွမ်းကျင်သူတွေကတော့ Final Cut Pro မှာ AR နဲ့ VR နည်းပညာတွေကို ထည့်သွင်းတော့မယ်လို့ ခန့်မှန်းထားကြပါတယ်။


References
AppleInsider
About Author
Assinged Tags
Video Editing Software Final Cut Pro Adobe Premier
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed