Final Cut Pro အတွက် 3D VR Plugin ရေးသားခဲ့တဲ့ Developer ကို ခေါ်ယူလိုက်တဲ့ Apple

date_range 24 April 2017

Final Cut Pro အတွက် 3D VR Plugin ရေးသားခဲ့တဲ့ Developer ကို ခေါ်ယူလိုက်တဲ့ Apple

visibility 360 Views

                Final Cut Pro ဆိုတာ ဒီကလူတွေနဲ့တော့ သိပ်ပြီးရင်းနှီးမယ်မထင်ပါဘူး။ ဒီက Mac သုံးသူ Video Editing သမားတွေကလည်း Final Cut Pro ထက် Adobe Premier ကိုပဲ သုံးကြတာများပါတယ်။ Final Cut Pro ကလည်း Adobe Premier လိုပဲ Professional Video Editing Software ပဲ ဖြစ်ပြီး Apple ကိုယ်တိုင် Develop လုပ်ထားတာဖြစ်ပါတယ်။

                Video Editing Software ဆိုတာကလည်း Software လေးဝယ်ပြီးရင် ပြီးသွားပြီလားဆိုတော့၊ မပြီးပါဘူး။ DSLR တွေလိုပါပဲ။ Lens တွေ၊ Accessories တွေ ဝယ်လို့ကို မပြီးပါဘူး။ Professional Video Editor လုပ်ချင်တယ်ဆိုရင်တော့ Plugin လေးတွေကတော့ ဝယ်သုံးကြရပြီ ဖြစ်ပါတယ်။

                Final Cut Pro အတွက် Plugin တွေအများကြီး ရှိပေမယ့် VR Video လေးတွေ ပြုလုပ်နိုင်မယ့် Developer Tim Dashwood ကိုယ်တိုင်ရေးသားခဲ့တဲ့ 360 VR Toolbox ဆိုတဲ့ Plugin လေးကတော့ နာမည်ကြီးပြီး၊ လူသုံးလည်းများခဲ့ပါတယ်။

                Tim ရေးသားခဲ့တဲ့ ဒီ Plugin လေးဟာ Final Cut Pro မှာတင်မကပဲ၊ Adobe Premier နဲ့ After Effects တို့မှာလည်း အသုံးပြုလို့ရပါတယ်။ ဒီအချက်ကြောင့်ပဲ Tim ရဲ့ Plugin လေးဟာ Video Editing သမားတွေကြားထဲမှာတင် နာမည်ကြီးတာမဟုတ်ပဲ၊ Apple ကပါ မျက်စိကျခဲ့ပါတယ်။

                အခုဆိုရင် Tim ဟာ နောက်ထွက်လာမယ့် Final Cut Pro Version မှာ VR Features တွေပါဝင်လာအောင် Apple နဲ့အတူ ပူးပေါင်းလုပ်ဆောင်တော့မှာလို့ ခန့်မှန်းရပါတယ်။ Tim ဟာ သူ့ပရိတ်သတ်တွေအတွက် 360 VR Toolbox Plugin လေးနှင့်တကွ အခြားသူကိုယ်တိုင်ရေးသားခဲ့တဲ့ Software လေးတွေကိုပါ Free ပေးလိုက်ပါတယ်။

                Free ရပြီဆိုပေမယ့်လည်း Plugin လေးကို Tim ကိုယ်တိုင် Update မလုပ်တော့မှာ ဖြစ်တာကြောင့် သူ့ပရိတ်သတ်တွေအတွက်ကတော့ အခုသတင်းဟာ ငိုရခက်၊ ရီရခက် သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

                Tim ကို ခေါ်ယူပြီးပြီဆိုပေမယ့် Apple အနေနဲ့ Tim ကို ဘယ် Department မှာ၊ ဘယ်ရာထူးနဲ့ အလုပ်ခန့်အပ်သွားမယ်ဆိုတာကိုတော့ မဖွင့်ပြောသွားပါဘူး။ ကျွမ်းကျင်သူတွေခန့်မှန်းပုံအရ AR နည်းပညာကို အရမ်းဦးစားပေးနေတဲ့ Apple အနေနဲ့ Tim ကို AR Team မှာ ထည့်သွင်းသွားနိုင်ခြေရှိတယ်လို့ သိရပါတယ်။

References
9to5Mac
About Author
Assinged Tags
Video Editing Software Final Cut Pro 360 VR Toolbox Adobe Premier After Effects
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed