Sony မှ Video Record လုပ်နိုင်မယ့် မျက်ကပ်မှန်အတွက် မူပိုင်ခွင့်ထုတ်ယူ

date_range 14 February 2017

Sony မှ Video Record လုပ်နိုင်မယ့် မျက်ကပ်မှန်အတွက် မူပိုင်ခွင့်ထုတ်ယူ

visibility Views

                Technology ပိုင်းမှာ အရှိန်အဝါကြီးတဲ့ Company တွေထဲက တစ်ခုဖြစ်တဲ့ Sony ဟာ အခုဆိုရင် မျက်ကပ်မှန်နဲ့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးနိုင်မယ့် Digital Contact Lens တီထွင်ဖို့ ခြေလှမ်းတစ်လှမ်း စတင်လိုက်ပါပြီ။


                Sony ဟာ မေလ ၂၀၁၃ ခုနှစ်က ဒီ Digital မျက်ကပ်မှန်အတွက် မူပိုင်ခွင့်ထုတ်ယူခဲ့တာဖြစ်ပြီး အခု ၂၀၁၇ ခုနှစ်ကျမှ ဒီ သတင်းကို Media တွေက သတင်းရရှိတာ ဖြစ်ပါတယ်။

                Smart Phone တစ်လုံးနဲ့ ချိတ်ဆက်စရာမလိုပဲ Video တွေ Photo တွေရိုက်ကူးရုံသာမကပဲ Data အချက်အလက်တွေကိုပါ မျက်ကပ်မှန်ထဲမှာ သိမ်းဆည်းထားနိုင်မှာပါ။

                မျက်ကပ်မှန်ထဲမှာ OLED Tech ကိုသုံးထားတဲ့ Polymer Rubber Display Screen တစ်ခု ပါဝင်မယ်လို့လဲ မူပိုင်ခွင့် File တွေအရ သိရပါတယ်။


                User အနေနဲ့ မျက်တောင်ခတ်ပြီး Display ကနေ တစ်ဆင့် ထိန်းချုပ်နိုင်မှာပါ။ Camera မှာတော့ Focus နဲ့ Exposure ကို Automatic ချိန်ပေးမှာဖြစ်ပြီး Zoom ကိုတော့ User ကိုယ်တိုင် ချိန်ညှိနိုင်မှာပါ။

                Sony ရဲ့ Digital Lens သတင်းဟာ Sony ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ Google နဲ့ Samsung ကိုလဲ ရိုက်ခတ်စေခဲ့ပါတယ်။ ဥပမာအနေနဲ့ဆိုရင် ၂၀၁၄ ခုနှစ်မှာ Google က တပ်ဆင်သူ ရဲ့ မျက်ရည်ကတစ်ဆင့် ခန္ဓာကိုယ်ရဲ့ Glucose ပါဝင်မှုနှုန်းကို တိုင်းတာပြီး ဆီးချို၊ သွေးချိုကို တိုင်းတာနိုင်မယ့် Digital Lens တစ်ခုကို ချပြခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာပဲ Samsung က ကင်မရာသေးသေးလေး တစ်လုံးပါ၀င်မယ့် Digital Lens တစ်ခုကို မူပိုင်ခွင့်ထုတ်ယူခဲ့ပါတယ်။

References
Huffington Post
About Author
Assinged Tags
Digital Contact Lens
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed