လက်ရှိကျင်းပနေတဲ့ CES 2018 ပွဲမှာ မနေ့က ၂ နာရီခန့်ကြာ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွား

date_range 11 January 2018

လက်ရှိကျင်းပနေတဲ့ CES 2018 ပွဲမှာ မနေ့က ၂ နာရီခန့်ကြာ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွား

visibility 940 Views

                အမေရိကန်နိုင်ငံ Las Vegas Convention Center မှာ ကျင်းပပြုလုပ်နေတဲ့ CES (Consumer Electronics Show) 2018 ပွဲမှာ မနေ့က မနက် ၁၁ နာရီ ၁၄ မိနစ်လောက်ကနေ နေ့လည် ၁ နာရီလောက်ထိ ၂ နာရီခန့်ကြာ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ Las Vegas Convention Center တစ်ခုလုံး အမှောင်ကျသွားတာတော့ မဟုတ်ပါဘူး။ Center ရဲ့ တောင်ဘက်ခြမ်းက Hall တွေနဲ့ အလယ်က Hall ပဲ ခဏတာ အမှောင်ကျသွားတာပါ။

                မီးပြတ်သွားတဲ့ Hall တွေမှာ ကြည့်ရှုနေကြတဲ့ လာရောက်လည်ပါတ်သူတွေကိုလည်း လုံခြုံရေးတွေ အကူအညီနဲ့ Center ထဲကနေ ခဏတာ ထွက်ခိုင်းခဲ့ရတယ်လို့ သိရပါတယ်။ လျှပ်စစ်မီး ပြတ်တောက်သွားရတဲ့ အကြောင်းအရင်းကတော့ Center ရဲ့ တောင်ဘက်ခြမ်းက Hall တွေနဲ့ အလယ်က Hall တွေအတွက် လျှပ်စစ်မီးပေးပို့နေတဲ့ Transformers တွေက မမျှော်လင့်ပဲ သဲကြီးမဲကြီး ရွာချလိုက်တဲ့မိုးကြောင့် ရေမြုပ်ပြီး ရှော့ဖြစ်သွားတာကြောင့်လို့ သိရပါတယ်။

                လျှပ်စစ်မီး ခဏတာ ပြတ်တောက်သွားတာကြောင့် ဒီပွဲမှာ နည်းပညာပစ္စည်းတွေ ပြသနိုင်ဖို့အတွက် ကန်ဒေါ်လာ ထောင်သောင်းနဲ့ချီပြီး အကုန်အကျခံထားရတဲ့ LG, Samsung နဲ့ Sony တို့အပြင် အခြား Startup ကုမ္ပဏီလေးတွေပါ ဆုံးရှုံးမှုတွေ ရှိခဲ့ရတယ်လို့ သိရပါတယ်။ CES ပွဲတိုင်းမှာ ရုံးရင်းဆန်ခတ် ဖြစ်ပွားမှုတွေ၊ အဆင်မပြေမှုတွေ၊ ပြဿနာလေးတွေ ရှိတတ်တယ် ဆိုပေမယ့် ဒီနှစ်ပွဲမှာတော့ ပိုပြီး ရုံးရင်းဆန်ခတ် ဖြစ်သွားတယ်လို့ လည်ပါတ်သူတွေက ပြောကြပါတယ်။

                မမျှော်လင့်ပဲ သဲကြီးမဲကြီး ရွာခဲ့တဲ့မိုးကြောင့် ရန်ကုန် မိုးတွင်းလိုမျိုးပဲ လမ်းတွေလည်း ရေမြုပ်နေပြီး Google ရဲ့ Funhouse Booth ကိုလည်း ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။ 

References
The Verge
About Author
Assinged Tags
CES
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed