Nintendo Switch အတွက် ထွက်ရှိလာတော့မယ့် Resident Evil: Revelations 1 & 2

date_range 04 August 2017

Nintendo Switch အတွက် ထွက်ရှိလာတော့မယ့် Resident Evil: Revelations 1 & 2

visibility 220 Views

                Nintendo Switch ထွက်ရှိလာပြီးနောက်ပိုင်းမှာ Developer တွေဟာ ထွက်ပြီးသား Game တွေကို “Switch Version” လို့ခေါ်ရလောက်အောင်  Nintendo Switch အတွက် ပြန်ပြီးထုတ်လုပ်လာကြပါပြီ။ Mega Man, Monster Hunter, Resident Evil အစရှိတဲ့ Game တွေနဲ့ နာမည်ကြီး Capcom ဟာလဲ Street Fighter II ကို Switch အတွက် ပြန်လည်ထုတ်လုပ်ပြီးနောက်ပိုင်းမှာ အောင်မြင်မှုများစွာရခဲ့ပါတယ်။

                ဒီအောင်မြင်မှုတွေကြောင့် Capcom ဟာ Nintendo Switch အတွက် Game တွေကို ဆက်ပြီးယူဆောင်လာပါမယ်လို့ပြောထားတဲ့အတိုင်းပဲ ယခုသြဂတ်စ်လ (၁) ရက်နေ့ မှာ Resident Evil: Revelations 1 နဲ့ 2 တို့ကို Switch အတွက် ပြန်ပြီးထုတ်လုပ်သွားမယ်လို့ ကြေငြာလိုက်ပါတယ်။

                Resident Evil: Revelations Game ၂ခုလုံးကို PS4 နဲ့ Xbox One တို့အတွက်လည်း ပိုပြီးကောင်းမွန်တဲ့ 1920x1080 Full HD Resolution နဲ့ကစားနိုင်ဖို့အတွက် သြဂတ်စ် ၂၉ ရက်နေ့မှာ ထွက်ရှိခဲ့ပြီးသား DLC တွေပါအပါဝင် 19.99$ နဲ့ စပြီးဖြန့်ချိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Switch အတွက်ကတော့ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှာထွက်ရှိမယ်လို့ပဲ ပြောထားပြီး၊ စျေးနှုန်းကိုတော့ မကြေငြာရသေးပါဘူး။



                Console အသစ်တွေအတွက် ပြန်ပြီးဖြန့်ချိမယ့် ဒီ Game ၂ခုကို ပိုမိုကောင်းမွန်တဲ့ Framerate ၊ အသေးစိတ်ပြုပြင်ထားတဲ့ Environmental Details ၊ တိုးမြှင့်ပြုပြင်ထားတဲ့ Monster Animation တွေနဲ့ ဆော့ကစားရမှာဖြစ်တယ်လို့ Capcom က ပြောကြားထားပါတယ်။ Switch Version, PS4 Pro နဲ့ Xbox One X တို့အတွက်ကိုတော့အသေးစိတ်ကြေငြာထားခြင်းမရှိသေးပါဘူး။


                မကြာသေးခင်ကထွက်ရှိထားတဲ့ Resident Evil VII ထက်စာရင်တော့ Resident Evil Revelations Series ကပိုပြီး Classic ဆန်တယ်ဆိုရင်မမှားပါဘူး။ Original RE: Revelations Game တွေကိုတော့ ၂၀၁၂ ခုနှစ်မှာ Nintendo 3DS အတွက်စပြီးထွက်ရှိခဲ့ပြီး၊ နောက်ပိုင်းမှာ PlayStation 3, Will U , Xbox 360 တို့အတွက်ဆက်ပြီးထွက်ရှိလာခဲ့ပါတယ်။ Player တွေက “Jill Valentine” ရဲ့နေရာက အဓိက ကစားရပြီး Cargo Ship ကြီးတစ်ခုပေါ်မှာ ပျောက်ဆုံးသွားတဲ့ Partner ဟောင်း “Chris Redfield” ကိုလိုက်လံရှာဖွေရမှာပါ။ RE Game တွေရဲ့ထုံးစံအတိုင်းပဲ Infected ဖြစ်နေတဲ့ Creature တွေကိုပစ်ခတ်ပြီး ဇာတ်လမ်းကောင်းကောင်းနဲ့ သည်းထိပ်ရင်ဖိုဆော့ကစားရမှာပါ။ Single Player Campaign အပြင်ကို Raid Mode ထဲမှာ Solo သို့မဟုတ် Co-Op လဲကစားနိုင်မှာဖြစ်ပါတယ်။

This Article is Contributed by SkyJasper
References
Polygon
About Author
Assinged Tags
Gaming News Nintendo Switch PlayStation Nintendo Consoles Capcom Resident Evil Resident Evil Revelations
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed