EA ရဲ့ E3 2017 Press Conference မှာ မိတ်ဆက်ပေးခဲ့တဲ့ A Way Out ဂိမ်းသစ်

date_range 11 June 2017

EA ရဲ့ E3 2017 Press Conference မှာ မိတ်ဆက်ပေးခဲ့တဲ့ A Way Out ဂိမ်းသစ်

visibility 250 Views

                Hazelight Studio ကနေ ထုတ်လုပ်မယ့်ဂိမ်းသစ် A Way Out ကို 2018 ခုနှစ် နှစ်ဦးပိုင်းလောက်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Brothers: A Tale of Two Sons ဂိမ်းကို Starbreeze Studio ကနေ ထုတ်လုပ်ပေးခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့အချိန်မှာ Hazelight ဆိုတဲ့ Studio အသစ်တစ်ခု ထပ်တည်ထောင်ခဲ့ပါတယ်။ 

                Hazelight Studio ကနေ EA နဲ့ပူးပေါင်းပြီး A Way Out ဆိုတဲ့ Co-Op Multiplayer Action/Adventure ဂိမ်းသစ်ကို E3 2017 ပွဲမှာ မိတ်ဆက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ Brothers နဲ့ကွာတဲ့အချက်က Brothers မှာ Co-Op ထက် Puzzle အသားပေး အစ်ကိုကြီးနဲ့ ညီငယ် တစ်ယောက်တစ်လှည့် Control လုပ်ပြီး အခက်အခဲတွေ ဖြတ်ကျော်ရတဲ့ ဂိမ်းတစ်ခုဖြစ်နေတာပါ။ 

                A Way Out မှာတော့ Split-Screen Mode နဲ့ Player နှစ်ယောက် Local ဒါမှမဟုတ် Online ကနေ ချိတ်ဆက်ပြီး အတူတူ ဆော့ကို ဆော့မှရမှာပါ။ Co-Op မဖြစ်နေကြီး ဆော့ရမှာဖြစ်တဲ့အတွက် အနည်းငယ် စိတ်ပျက်စရာကောင်းသွားပေမဲ့လို့ Gameplay, Action နဲ့ Story တွေကတော့ အလန်းစားမို့ Gamers တွေအကြိုက်တွေ့ကြမှာပါ။ 


                ဇာတ်လမ်း အစ ပိုင်းမှာ Character နှစ်ယောက် တစ်ယောက်တစ်လှည့်စီ အချင်းချင်းကူညီပြီး ထောင်ထဲကနေလွတ်ဖို့ မျိုးစုံကြိုးစားရမှာပါ။ ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတာက ဘယ် Character ကိုပဲ ယူဆော့ဆော့ Mission တွေလုပ်တဲ့အခါ လွယ်ကူမှုလုံး၀မရှိတာပါပဲ။ တစ်ယောက်က တလွဲလုပ်တဲ့အခါ နောက်တစ်ယောက်အတွက်ပါ ကျော်ဖြတ်ဖို့အခွင့်အရေးရရှိမှာမဟုတ်တော့ပါဘူး။ ဥပမာ- Player တစ်ယောက်က ကားမောင်းရတဲ့အခါမှာ နောက်တစ်ယောက်က လိုက်နှောင့်ယှက်နေတဲ့ ကားတွေကို အသေအကြေ ပစ်ခတ်ရမှာပါ။ ကားမောင်းတဲ့သူကလည်း ဒီလိုလိုက်နှောင့်ယှက်နေတဲ့ကြားထဲမှာ အသကုန်လွတ်အောင် မောင်းပြေးရမှာမို့ မလွယ်ကူပါဘူး။

                ကစားရမယ့်နေရာမှာ Main Character အနေနဲ့ Leo ဒါမှမဟုတ် Vincent ဆိုပြီး ရွေးချယ်ခွင့်ရှိပါတယ်။ Open World ပုံစံအနည်းငယ်ဆန်ပြီး ပတ်၀န်းကျင်နဲ့ Interact လည်းလုပ်လို့ရပါတယ်။ ဥပဒေကို အမြဲလက်တစ်လုံးခြား လုပ်ချင်တဲ့ Leo နဲ့ Vincent ဟာ ပြစ်မှုတွေအမြောက်အများ အတူတူလုပ်ကြရမှာမို့ Co-Op ဆော့ဖို့ စိတ်၀င်စားတဲ့ Player တစ်ယောက်အမြဲရှိရင် Gameplay Experience ဟာ အတော်လေးကို စိတ်လှုပ်ရှားစရာကောင်းမှာပါ။ 

                ဒီဂိမ်းထဲမှာ ထူးခြားချက်နှစ်ခုရှိပါတယ်။ အဲ့ဒါတွေကတော့-

  • Player တစ်ယောက်က Cutscene တွေကြည့်နေရတဲ့အချိန်မှာ နောက်တစ်ယောက်က Control လုပ်ပြီး သွားလာနေလို့ရပါတယ်။ ဥပမာ- Vincent ကထောင်ထဲရောက်ခါစ အချိန် Cutscene ပြနေတဲ့အချိန်မှာ Leo အနေနဲ့ကတော့ အပေါ်ကနေကြည့်နေပြီး Control နဲ့လျှောက်သွားနေလို့ရပါတယ်။ 
  • နောက်တစ်ချက်ကတော့ Leo ဒါမှမဟုတ် Vincent အနေနဲ့ တစ်ယောက်ယောက်က ပြဿနာကို ထိပ်တိုက်တွေ့ပြီး နောက်တစ်ယောက်ကတော့ တိတ်တဆိတ်ကူညီပေးတာပဲဖြစ်ဖြစ်၊ Mission Objective ကို တစ်ယောက်က အချိန်ဆွဲပေးနေတဲ့အချိန် နောက်တစ်ယောက်က မရိပ်မိအောင် အမြန်လှုပ်ရှားတာပဲဖြစ်ဖြစ် ကြိုက်သလို ပုံစံပြောင်းဆော့ကစားနိုင်ပါတယ်။ ကိုယ်က ပြဿနာကိုထိပ်တိုက်တွေ့/အချိန်ဆွဲပေးမလား၊ တိတ်တဆိတ်ကူညီ/လှုပ်ရှားတဲ့သူအဖြစ်ဆော့မလားဆိုတာကတော့ အတူတူဆော့နေတဲ့ Player ရဲ့ရွေးချယ်မှုအပေါ်မူတည်ပြီး တိုင်ပင်ဆော့ကစားရမှာဖြစ်ပါတယ်။ 

                A Way Out ဂိမ်းကို Xbox One, PS4 နဲ့ PC စတဲ့ Platform တွေပေါ်မှာ တွေ့မြင်လာရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအပြည့်အစုံ နဲ့ Gameplay အားလုံးကို အတိအကျ မတွေ့မြင်ရသေးမဲ့ Trailers နဲ့ E3 ပွဲက Gameplay အချို့ကို ကြည့်လိုက်တာနဲ့တင် အတော်လေးဆော့လို့ကောင်းမယ့် Co-Op Action/Adventure ဂိမ်းကောင်းတစ်ခုဖြစ်မယ်ဆိုတာကတော့ အသေအချာပါပဲ။

References
Gamespot IGN
About Author
Assinged Tags
Online Multiplayer Action Adventure EA Electronic Arts A Way Out Starbreeze Starbreeze Studio Hazelight Hazelight Studio Co-Op Action Adventure Multiplayer Multiplayer Game E3 E3 2017
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed