Legends of Zelda: Breath of the Wild ရဲ့ DLC အတွက် Detail များ ထွက်ပေါ်လာ

date_range 02 May 2017

Legends of Zelda: Breath of the Wild ရဲ့ DLC အတွက် Detail များ ထွက်ပေါ်လာ

visibility 150 Views

                Nintendo Switch ထွက်ပေါ်လာတာနဲ့အတူ ရေပန်းအစားဆုံးဂိမ်းဖြစ်တဲ့ Legends of Zelda:BotW ဂိမ်းအတွက် နောက်ထပ်ထွက်ရှိလာမယ့် DLC နှစ်ခုမှ “The Master Trials” ဆိုတဲ့ DLC အတွက် Detail တွေထွက်ရှိလာပြီဖြစ်ပါတယ်။

                “The Master Trials” ဟာဆိုရင် ဒီနှစ် ၂၀၁၇ နွေရာသီတွင် launch လုပ်ခဲ့တာဖြစ်ပြီး Game feature အသစ်တွေနဲ့ item အသစ်တွေ ပါဝင်လာမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဂိမ်းရဲ့ main story chapter အသစ်တော့ပါဝင်လာမှာမဟုတ်ပါဘူး။ နောက်ထပ် ထွက်ရှိလာမယ့် DLC မှာကတော့ story chapter အသစ်တစ်ခုပါဝင်လာမှာဖြစ်ပေမဲ့ အခုထိ နာမည်တစ်ခုမပေးရသေးတဲ့အဆင့်မှာပဲရှိပါသေးတယ်။ ဒါပေမဲ့ ယခုနှစ်အတွင်းတွင်ပဲ release လုပ်မယ်လို့တော့ သိရပါတယ်။

                ထွက်ရှိလာမယ့် DLC နှစ်ခုလုံးကိုတော့ $20 တည်းနဲ့ Nintendo Switch ဒါမှမဟုတ် Wii U မှာပါ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး တစ်ခုချင်းစီတော့ ဝယ်ယူလို့ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

The Master Trials DLC Details

  • Trials of the Swords :  ဒီနေရာကိုဝင်ရောက်မယ်ဆိုရင် ရန်သူတွေတစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆက်တိုက်တွေ့ရမယ့် challenge တွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ Main character ဖြစ်တဲ့ Link ဟာ ဘာ weapon ဘာ armor မှမပါပဲ စ တင်ရမှာဖြစ်ပါတယ်။ အခန်းပေါင်း 45 ခန်းရှိပြီး တစ်ခန်းအောင်တာနဲ့ နောက်တစ်ခန်း ဆက်တိုက်ဝင်ရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီ Trails of the Swords ကို အခန်းဆုံးထိနိုင်ခဲ့မယ်ဆိုရင် “The true power of Master Sword” ဟာ နိုးထလာမှာဖြစ်ပြီး အမြဲတမ်း လင်းလတ်နေမယ်လို့သိရှိရပါတယ် (The true power of Master Sword ဟာ main story ကိုပါ effect ဖြစ်မှာလား မဖြစ်ဘူးလား နောက်ပြီး လင်းလတ်နေမယ်ဆိုတာက ဘာလဲဆိုတာကိုတော့ Nintendo မှ detail မပေးထားပါဘူး)

  • Hard Mode : ဒီ Mode မှာဆိုရင်တော့ Link ဟာ ranking ပိုမြင့်တဲ့ ရန်သူတွေကို ဆုံတွေရမှာဖြစ်ပြီး ကိုယ့်ရဲ့ ရန်သူတွေဟာ ဖြည်းဖြည်းချင်း Health regen ပြန်တက်တဲ့ rate လည်းရှိတဲ့အတွက် Link ဟာရန်သူကိုကြုံတွေရတာနဲ့ အမြန်ဆုံး အဆုံးသတ်တိုက်ခိုက်ပစ်ရမှာဖြစ်ပါတယ်။ Link ဟာသာမန်တွေ့နေကျရန်သူတွေအပြင် Normal gameplay မှာမရှိတဲ့ ranking ပိုမြင့်တဲ့ ရန်သူတွေကိုပါ တိုက်ခိုက်ရနိုင်ပါတယ်။ ရန်သူတွေဟာလည်း Link ကို အနားကပ်လာတာနဲ့ လွယ်ကူစွာတွေ့နိုင်တာကြောင့် တိတ်တိတ်လေးချဉ်းကပ်တာတွေ ရှောင်သွားတာတွေလုပ်ရတာ ပိုခက်ခဲလာမှာပဲဖြစ်ပါတယ်။ Hard Mode မှာလည်း မိုးပျံပူဖောင်းတွေနဲ့ချည်ထားတဲ့ သစ်သားပြားလေးတွေ Hyrule တစ်လျှောက်ပျံသန်းနေတာကိုမြင်တွေ့ရမှာဖြစ်ပြီး အဲ့အပေါ်ရောက်ရှိခဲ့ပါက ရန်သူတွေနဲ့လည်းရင်ဆိုင်တွေ့ရနိုင်သလို Treasures တွေလည်းရရှိနိုင်မှာဖြစ်ပါတယ်။ ကံတရားအပေါ်မူတည်တာပေါ့နော်။

  • Hero’s Path Mode : Hyrule ကအတော်ကြီးကို ကျယ်ပြီး Open world ထဲမှာအတော်လှတဲ့ ဂိမ်းနေရာတစ်ခုဆိုတာတော့ BotW ဆော့တဲ့သူတိုင်းကို အထူးတလည်ပြောပြနေစရာမလိုလောက်ပါဘူး။ ဒါပေမဲ့ သွားရင်းနဲ့ကော လမ်းမပျောက်ဖူးဘူးလား? ဟဲဟဲ။ ဒီအတွက်တော့ ပူစရာမလိုတော့ပါဘူး။ အခုထွက်ရှိလာမယ့် Hero’s Path Mode မှာဆိုရင် ကိုယ်သွားခဲ့တဲ့နေရာတွေကို အမြဲ track လုပ်ထားပေးမှာဖြစ်ပြီး မြေပုံမှာ အစိမ်းရောင်လေး mark လုပ်ထားပေးမှာဖြစ်ပါတယ်။ ပြီးတော့ ဒီ mode ရဲ့အားသာချက်ဟာ သွားနေကျနေရာပဲ ပြန်ပြန်ရောက်ပြီး လည်နေတာဖြစ်တော့မှာမဟုတ်တော့ပဲ မသွားရသေးတဲ့နေရာဘယ်နေရာ ရှိသေးလဲဆိုတာ အတိအကျသိနိုင်မှာဖြစ်လို့ Explore ပိုလုပ်နိုင်ပြီး အထူးအဆန်း ရန်သူတွေ ရတနာတွေမျိုးစုံရှာဖွေနိုင်တော့မှာပဲဖြစ်ပါတယ်။ နောက်တစ်ခုထူးခြားချက်ကတော့ ဒီဟာကို စ ဝယ်မှ စ ပြီး tracking လုပ်မှာမဟုတ်ပဲ Tracking စ လုပ်တဲ့အချိန်ကနေ လွန်ခဲ့တဲ့ နာရီ ၂၀၀ အထိ effect ဖြစ်မှာမို့လို့ ဟိုးအရင်က ဘယ်တွေသွားထားတယ်ဆိုတဲ့ data တွေကိုပါ DLC ရတာနဲ့ သိရှိနိုင်ပြီဖြစ်ပါတယ်။

  • Travel Medallion : Treasure chest အသစ်တစ်ခု ဂိမ်းထဲရောက်လာမှာဖြစ်ပြီး ရှာဖွေတွေ့ရှိတာနဲ့ Player တွေဟာ Travel Point တစ်ခုကို Map မှာ မှတ်သားထားနိုင်ပြီပဲဖြစ်ပါတယ်။  Link ဟာ ဘယ်အချိန်မဆို မှတ်သားထားတဲ့ Travel point ကို transport လုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ Map မှာ Travel point ကိုတစ်ခုပဲ မှတ်သားထားနိုင်မှာပဲဖြစ်ပါတယ်။ အသစ်ထပ်လုပ်ရင် အရင်မှတ်သားထားတဲ့ Travel point လေးပြန်ပျောက်သွားမှာပါ။

  • Korok Mask : ဒီ Mask လေးကိုရှာလို့တွေ့ခဲ့ရင် Players တွေဟာ Korok ရှိတဲ့နေရာတွေကို အလွယ်တကူရှာဖွေနိုင်ပြီပဲဖြစ်ပါတယ်။ Equip လုပ်ထားပါက Player တွေဟာ Korok ရှိတဲ့နေရာနားရောက်ခဲ့ရင် Mask လေးဟာ လှုပ်ခါလာပြီး အချက်ပြပေးမှာပဲဖြစ်ပါတယ်။ 


  • New Equipment : ယခင် LoZ series တွေမှ equipment ရှစ်ခုအား ထပ်မံပေါင်းထည့်ပေးထားမှာပဲဖြစ်ပါတယ်။ ထို equipment ရှစ်ခုထဲတွင် အရင်ဂိမ်း series တွေထဲမှာပါခဲ့တဲ့ Majora's Mask, Midna, Tingle နဲ့ Phantom စတဲ့ game items တွေနဲ့ characters theme တွေပါ ပါဝင်လာမှာပါ။ 

References
Gamespot
About Author
Assinged Tags
Gaming News Nintendo Switch Nintendo Gaming Social Media Legends of Zelda BotW news expansion packs
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed