ဒေါ်လာ ၅၀ သုံးပြီး Nintendo Switch ကိုရယူခဲ့တဲ့ Arcade Master Gamer တစ်ယောက်

date_range 21 March 2017

ဒေါ်လာ ၅၀ သုံးပြီး Nintendo Switch ကိုရယူခဲ့တဲ့ Arcade Master Gamer တစ်ယောက်

visibility 3150 Views

                လွန်ခဲ့တဲ့ ၂ ရက်က Gamer တစ်ယောက်ဟာ Dave & Busters ဆိုတဲ့ Arcade Gaming Centre Franchise တစ်ခု ကနေပြုလုပ်ပေးတဲ့ Event တစ်ခုကနေ ဒေါ်လာ ၅၀ ကိုအသုံးပြုပြီး ဒေါ်လာ ၂၉၉ ကျပ်လောက်တန်တဲ့ Nintendo ရဲ့နောက်ဆုံးထွက် Hybrid Gaming Console “ Switch “ ကိုဆွတ်ခူးရရှိခဲ့ပါတယ်။

                Arcade Game Centre တွေမှာရှိတက်တဲ့ အကြွေစေ့ထည့်ပြီးဆော့ရတဲ့ Game စက်တွေထဲက  Tickets ပေါင်း အခု ၁ သိန်းရဖို့  Dragon Slaayer က ဒေါ်လာ ၅၀ သာကုန်ခဲ့တယ်လို့သူ့ရဲ့ Reddit အကောင့်မှာ Post တစ်ခုတင်ပြီးပြောကြားခဲ့ပါတယ်။ သူဆော့ကစားခဲ့တဲ့ Game ကတော့ ‘Flappy Bird ‘ နဲ့ အနည်းငယ်ဆင်တဲ့ Floppy Tickets လို့ခေါ်တဲ့ Game တစ်ခုဖြစ်ပြီး Post ထဲက သူ့ Comment တစ်ခုမှာ “ ကျနော်က ဒီ Game ကိုကျွမ်းကိုကျွမ်းတာဗျ။ ဘာလို့လဲတော့မသိဘူး။ ကံကောင်းတာလို့ပဲပြောရမှာပေါ့။ “ ဆိုပြီးပြောကြားခဲ့ပါတယ်။


                ( Dave & Buster ဆိုတဲ့ Arcade Gaming Centre တွေမှာ Ticket တွေနဲ့ တစ်ခြားဆုတွေကို လဲလှယ်နိုင်တဲ့ Event တစ်ခုအမြဲတမ်းရှိပါတယ်။ Dragon Slayyer က အဲ့ Event ရဲ့ Grand Prize ဖြစ်တဲ့ Nintendo Switch ကို Ticket အခု ၁ သိန်းနဲ့ လဲလှယ်သွားတာဖြစ်ပါတယ်။ သူ့အနေနဲ့ သူ့ သူငယ်ချင်းတွေနဲ့အတူ Online ကစားဖို့ PS4 ၂ လုံးကိုလဲ ရရှိပြီးပြီ ဆိုတာကို သူ့ Post ရဲ့ Comment တစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။ )

References
Reddit
About Author
Assinged Tags
Gaming News Nintendo Switch Nintendo Event
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed