Zelda : Breath Of The Wild ကို တစ်နာရီထဲနဲ့အောင်မြင်ပြီး ကမ္ဘာ့စံချိန်အသစ်ချိုးနိုင်ခဲ့

date_range 13 March 2017

Zelda : Breath Of The Wild ကို တစ်နာရီထဲနဲ့အောင်မြင်ပြီး ကမ္ဘာ့စံချိန်အသစ်ချိုးနိုင်ခဲ့

visibility 100 Views

                ထွက်ပြီးတစ်ပတ်အကြာမှာ SpeedRuner တွေဟာ Techniques အသစ်တွေ ဖြတ်လမ်းနည်းတွေသုံးပြီး SpeedRun လုပ်ကျရာက အခုဆိုရင်အမြန်ဆုံးစံချိန်ဟာ တစ်နာရီအောက်ကိုတောင် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

                မနေ့ကဆိုရင် Gymnast86 လို့ခေါ်တဲ့ SpeedRunner တစ်ယောက်ဟာ ၅၈ မိနစ်၊ ၁ စက္ကန့်ထဲနဲ့ Game တစ်ခုလုံးကိုပြီးအောင်ဆော့ကစားခဲ့ပြီး စံချိန်ချိုးခဲ့ပါတယ်။ ဒီ ကစားချိန်ဟာ Game ရဲ့ ပထမဆုံး Speed Run ဖြစ်တဲ့ Orcastraw ဆိုတဲ့ Speedrunner တစ်ယောက်ရဲ့စံချိန် ၃ နာရီ ၃၉ မိနစ် ၃၉ စက္ကန့် နဲ့ယှဉ်မယ်ဆိုရင်တော့ အတော်ကိုကွာခြားနေတယ်လို့ပြောလို့ရမှာပါ။

                Game မထွက်ခင်ကတည်းကတစ်ချို့  Player တွေဟာ Game ကို Speed Run နေပြီး နောက်ဆုံး Boss ဖြစ်တဲ့ Ganon နဲ့ ဘယ်လိုအမြန်ဆုံးရင်ဆိုင်ရမလဲဆိုပြီး ရှာဖွေနေခဲ့ကြတာပါ။ အဲ့ကတည်းကရှာတွေ့ခဲ့တဲ့ Technique တွေအပေါ်မူတည်ပြီး Running Time အပေါ်မှာပြောင်းလဲသွားပါတယ်။ သူ့ရဲ့ Speedrun Video ကတော့ ဒီအောက်မှာပါ။


                Gymnast86 သုံးသွားတဲ့ Technique တစ်ခုကတော့ “ Whistle Sprinting “ လို့ခေါ်တဲ့ အောက်မြှား ခလုတ်ကိုဖိပြီး B ခလုတ်ကို “တော့” ရတာပါ။ ဒီ Whistle Sprinting  ဟာ Sprints လုပ်ပြီး Stamina ကုန်နေတဲ့အချိန် ပြန်ပြည့်တာကို စောင့်ရင်းနဲ့ ကြားထဲမှာ Sprint လုပ်သလိုမျိုး  Speed အမြန်နှုန်းရရှိနိုင်မှာပါ။ ဒီ Technique ဟာ ဘာမှတော့ အရမ်းကြီး သိသာသွားတာမျိုးမဟုတ်ပေမယ့် အကုန်လုံးနဲ့ တွက်ကြည့်ရင်တော့ Game Play အချိန်တွေကို ပိုမြန်စေခဲ့ပါတယ်။

                Speed Runner တွေရဲ့ Technique တွေမှာ ကြီးမားတဲ့ပြောင်းလဲမှုက Tutorial ပြီးတဲ့အချိန်ကစပြိး နောက်ဆုံး Boss ရှိတဲ့ Hyrule Castle ကိုအမြန်ရောက်ဖို့သုံးတဲ့ Technique တွေဖြစ်ပါတယ်။ အဲ့ Technique မှာဆိုရင် Speedrunner တွေဟာ Sprint လုပ်ပြီးပြေးမယ့်အစား မြင်း စီးသွားကြပါတယ်။

                Link ရဲ့ စီးတော်မြင်းဖြစ်တဲ့ Epona ကို ရအောင်လုပ်တဲ့နည်းဟာ SpeedRunner တွေနဲ့ ပရိတ်သက် တွေကြားမှာ အငြင်းပွားမှု ဖြစ်နေခဲ့ပါတယ်။ ဒီနည်းမှာတော့ The Smash Bros.  မှာပါခဲ့တဲ့ Link ရဲ့ Figuring ဖြစ်တဲ့ Amiibo ကို Scan ဖတ်ပြီး မြင်းကိုရယူရတာဖြစ်ပါတယ်။ ဒီ Exclusive Amiibo ကို Player မှာမရှိဘူးဆိုရင်တော့ ဒီလိုမျိုးမရရှိနိုင်ပါဘူး။ တစ်ချို့ Amiibo တွေနဲ့ဆိုရင်တော့ Item အကောင်းစားတွေရရှိမှာပါ။

                “Amiibo သုံးပြီး Item တွေရယူတာက Cheat လုပ်သလိုပဲ” လို့ Fan တစ်ယောက်ကနေပြောကြားခဲ့ပြီး Gymnast86 ကလဲ “ ကျနော့်အတွက်တော့ Amiibo လို့ခေါ်တဲ့ ဘာမဟုတ်တဲ့ ပလတ်စတစ် ရုပ်ကလေးက Game Running Speed ကိုပိုမြန်စေတယ်ဆိုတာ ဟာသ တစ်ခုလိုပဲ” လို့ပြောကြားခဲ့ပါတယ်။ 


                Gymnast86 ရဲ့ Run စံချိန်တင်ပြီးနောက် တစ်ညမှာပဲ Zelda : Breath Of The Wild ရဲ့ပထမဆုံး Runner Orcastraw က စက္ကန့်အနည်းငယ်နောက်ကျပြီး ၅၈ မိနစ် ၆ စက္ကန့်နဲ့ Run ခဲ့ပါတယ်။ သူ့ရဲ့ Run မှာတော့ Amiibo တစ်ခုကိုသုံးဆွဲထားတယ်လို့လဲသိရပါတယ်။ သူ့ရဲ့  Speedrun Video ကိုတော့ ဒီလင့်ခ် မှာကြည့်ရှူနိုင်မှာဖြစ်ပါတယ်။

References
Kotaku
About Author
Assinged Tags
Gaming News Nintendo Switch Nintendo Speed Run Zelda
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed