Ip Man မင်းသားပါဝင်သရုပ်ဆောင်မယ့် Sleeping Dogs ရဲ့ ရုပ်ရှင်

date_range 03 March 2017

Ip Man မင်းသားပါဝင်သရုပ်ဆောင်မယ့် Sleeping Dogs ရဲ့ ရုပ်ရှင်

visibility Views

                Square Enix နဲ့ United Front Games တို့ရဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Sleeping Dogs ကိုအခြေခံပြီးပြန်ရိုက်မယ့် ရုပ်ရှင် ဟာဆိုရင်အခုဆိုစတင်ရိုက်ကူးနေပြီလို့သိရပါတယ်။

                Fast & Furious တို့လို Action ကားတွေကိုကြိုက်နှစ်သက်ပြီးထုတ်လုပ်လေ့ရှိတဲ့ Original ရုပ်ရှင်ထုတ်လုပ်ရေးကပဲ Sleeping Dogs ရဲ့ Producer ဖြစ်သွားမယ်လို့သိရပါတယ်။   

                Donnie Yen ကတော့ဒီ ရုပ်ရှင်ထဲမှာတော့ Wei Shen လို့ခေါ်တဲ့ လူဆိုးအသွင်ယူပြီး လူဆိုးအဖွဲ့အစည်းတွေ ကြားထဲ သူလျှိုအနေနဲ့ဝင်ရောက်ပြီး နှိမ်နှင်းရမယ့် ဟောင်ကောင်-အမေရိကန် လူမျိုး ရဲအရာရှိတစ်ဦးရဲ့နေရာက သရုပ်ဆောင်သွားမှာပါ။ Wei Shen ကိုတော့ Game ထဲမှာတော့ သရုပ်ဆောင် Will Yun Lee က သရုပ်ဆောင်ခဲ့ပါတယ်။

                Sleeping Dogs ကို Playstation 3 နဲ့ Xbox 360 တို့မှာ ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့ပြီး နောက် ၂ နှစ်အကြာမှာ Playsation 4 နဲ့ Xbox One  တို့မှာ ထပ်မံထွက်ရှိခဲ့ပါတယ်။ ဒီ ဂိမ်းတွေထွက်ပြီးသိပ်မကြာခင်ပဲ လွန်ခဲ့တဲ့တစ်နှစ်လောက်မှာပဲ United Front ဟာ ဖျက်သိမ်းခဲ့ရပါတယ်။

References
Polygon
About Author
Assinged Tags
Playstation 3 Xbox 360 PlayStation Coming Soon Playstation 4 Xbox One Movie Adaption
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed