PS4 အတွက် God of War ဂိမ်းထွက်ရှိလာမယ့် ရက်အတိအကျကို ကြေငြာလိုက်တဲ့ Sony Entertainment

date_range 24 January 2018

PS4 အတွက် God of War ဂိမ်းထွက်ရှိလာမယ့် ရက်အတိအကျကို ကြေငြာလိုက်တဲ့ Sony Entertainment

visibility 460 Views

                Sony Interactive Entertainment အနေနဲ့ God of War Franchise မှာ ၈ ခုမြောက် အသစ်ထွက်ရှိလာမယ့် God of War (2018) ဂိမ်း Trailer ကို အရင်နှစ် E3 2016 Sony Press Conference မှာ ပြသခဲ့တာ ဖြစ်ပါတယ်။ Trailer မှာ ပါဝင်တဲ့ အကြောင်းအရာတွေအရ ဒီ God of War ဂိမ်းအသစ်ဟာ ၂၀၁၀ တုန်းက ထွက်ခဲ့တဲ့ God of War III ရဲ့ အဆက်ဖြစ်ပြီး Norse နတ်ဘုရားတွေကြီးစိုးနေတဲ့ Tundra Nordic Lands of North မှာ ဇာတ်လမ်းတည်ထားတာ ဖြစ်ပါတယ်။

                Characters အနေနဲ့ မူလဇာတ်ကောင် Kratos (Ghost of Sparta) နဲ့အတူ သူ့ရဲ့သား Atreus တို့ အဓိက ပါဝင်မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ Atreus ဟာ Playable Character ဟုတ်မဟုတ် မသိရသေးပေမယ့် သူဟာ Norse ဘာသာစကား တတ်မြောက်တဲ့အပြင် Combat Scene တွေမှာ Kratos နဲ့အတူ Atreus’s Actions တွေကို Single Button တစ်ခုတည်းနဲ့ Control လုပ်နိုင်မှာ ဖြစ်ပါတယ်။

                နောက် ရန်သူတွေနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့ နေရာမှာ Kratos ရဲ့ Signature Weapon ဟာ နတ်ဘုရားမ Athena ပေးခဲ့တဲ့ Blades of Athena မဟုတ်တော့ပဲ Magical Axe ဖြစ်သွားပြီး တစ်ခါတစ်ရံ Combat တွေမှာ Magical Axe နဲ့ အကာကွယ်ပြု တိုက်ခိုက်နိုင်ပါတယ်။

                Kratos နဲ့ Norse Gods တို့ ဘယ်လို ပတ်သက်နေမလဲဆိုတဲ့ ဇာတ်လမ်းကြောရိုးကိုတော့ အတိအကျ မသိရသေးပေမယ့် Trailer မှာပါတဲ့အတိုင်း Norse Mythology ကို သိနေတဲ့ World Serpent က Kratos ကို အကူညီပေးနဲ့တဲ့ ပုံပါပဲ။ အခုလို ဇာတ်အိမ်ကလည်း စိတ်ဝင်စားဖွယ်ကောင်းနေတော့ အခုထွက်ရှိလာမယ့် God of War ဂိမ်းအသစ်ဟာ ဂိမ်မာတွေ အရမ်းဆော့ကစားချင်နေတဲ့ Fantasy ဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး။

                Sony အနေနဲ့လည်း E3 Press Conference မှာ ပြောခဲ့တဲ့အတိုင်း God of War ဂိမ်းအသစ်ကို ဒီနှစ်ထဲမှာပဲ ထုတ်ပေးသွားမှာ ဖြစ်သလို အခုဆိုရင် Features အသစ်တွေ စုံစုံလင်လင် ပါဝင်လာပြီး Edition မျိုးစုံနဲ့ God of War ဂိမ်းကို ဂိမ်မာတွေလက်ထဲ ဘယ်နေ့ထည့်ပေးသွားမလဲဆိုတဲ့ ရက်အတိအကျကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။


                ဒီ God of War ဂိမ်းအသစ်ကို PlayStation Site မှာ Pre-order မှာယူနိုင်မှာဖြစ်ပြီး ထွက်ရှိလာမယ့်ရက်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့လို ကြေငြာထားပါတယ်။ အဲ့ဒါအပြင် Sony အနေနဲ့ ဒီ God of War ဂိမ်းအသစ်ကို Edition ၃ ခုနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ဘယ် Edition ကိုမဆို Pre-order မှာယူသူများအနေနဲ့ In-Game Legendary Shield Skins ၃ ခု ရရှိမှာဖြစ်တယ်လို့ PlayStation Blog Director Cory Barlog က အခုလို ပြောကြားသွားခဲ့ပါတယ်။

                “ကျွန်တော်တို့အနေနဲ့ God of War ဂိမ်းမှာပါတဲ့ Crazy Adventure တွေရဲ့ ရသကို ပေးစွမ်းနိုင်ဖို့ အချိန် ၅ နှစ်ခန့်ယူခဲ့ရတာဖြစ်ပြီး အခု Release လုပ်ပေးတဲ့ အချိန်မှာတော့ ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်ရဲ့ လုပ်ငန်းအတွေ့ကြုံအရ ပြောရမယ်ဆိုရင်လည်း ဒီ God of War ဂိမ်းဟာ အနှစ်သက်ဆုံး ဂိမ်းတစ်ခုဖြစ်ပြီး အကယ်၍ ကျွန်တော် အသက် ၁၀၀ ထိ အသက်ရှည်ခဲ့မယ်ဆိုရင်တောင် အခု God of War ဂိမ်း ထုတ်လုပ်ပေးခဲ့တဲ့နေ့ကို မေ့နိုင်မှာမဟုတ်ပါဘူး။"


                Sony ကကြေငြာထားတဲ့ God of War Edition ၃ ခုမှာ မတူညီတဲ့ Exclusive Contents တွေနဲ့ Digital Contents တွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ God of War : Stone Mason Edition မှာဆိုရင် ၉ လက်မ အရွယ်အစားရှိ Statue of Kratos & Atreus by Gentle Giant ရုပ်ထု ပါဝင်မယ်လို့ သိရပါတယ်။ အဲ့ဒါအပြင် God of War ဂိမ်းပါဝင်တဲ့ Limited Steelbook Case၊ ၂ လက်မ အရွယ်အစားရှိ Hulora Brothers Carvings နဲ့အတူ Cloth Map တစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။

                Exclusive Contents တွေအနေနဲ့ Stone Mason’s Ring၊ Mimir’s Head Talking Keychain၊ Defender of the Chosen Shield နဲ့အတူ ၂ လက်မ အရွယ်အစားရှိ Horse and Troll Carvings တို့လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ God of War : Stone Mason Edition ရဲ့ Digital Contents တွေ အနေနဲ့ကတော့ Death’s Vow Armour Set၊ Exile’s Guardian Shield၊ God of War Comic by Dark Horse Comics၊ God of War Mini Artbook by Dark Horse Comics နဲ့ Dynmaic PS4 Theme တို့ကိုပါ ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။


                God of War : Stone Manson Edition ကို ကန်ဒေါ်လာ ၁၄၉.၉၉ ဒေါ်လာဖြင့် ဝယ်ယူနိုင်မှာဖြစ်ပြီး Game-Stop မှာ Pre-order မှာယူသူများအနေနဲ့ A Luck of Ages Talisman XP Boost (+10 Luck and 1 Enchantment Slot) ရရှိနိုင်မှာ ဖြစ်ပါတယ်။


                God of War : Digital Deluxe Edition မှာဆိုရင် မူရင်းဂိမ်းနဲ့အတူ God of War Comic by Dark Horse Comics၊ God of War Mini Artbook by Dark Horse Comics၊ Death’s Vow Armor Set၊ Exile’s Guardian Shield Skin နဲ့ Dynamic Theme တို့ ပါဝင်မှာ ဖြစ်ပါတယ်။


                ဒီ Digital Deluxe Edition ကို ကန်ဒေါ်လာ ၆၉.၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး Pre-Order မှာယူတဲ့သူတွေအနေနဲ့ Special God of War Pin ရရှိမှာ ဖြစ်ပါတယ်။


                God of War : Collector’s Edition မှာ ပါဝင်လာမှာတွေက ၉ လက်မ အရွယ်အစားရှိ Statue of Kratos & Atreus by Gentle Giant ရုပ်ထု ပါဝင်မယ်လို့ သိရပါတယ်။ အဲ့ဒါအပြင် God of War Game ပါဝင်တဲ့ Limited Steelbook Case၊ ၂ လက်မ အရွယ်အစားရှိ Hulora Brothers Carvings နဲ့အတူ Cloth Map တို့ပဲ ဖြစ်ပါတယ်။

            Digital Contents တွေ အနေနဲ့ကတော့ Death’s Vow Armour Set၊ Exile’s Guardian Shield၊ God of War Comic by Dark Horse Comicsဦ God of War Mini Artbook by Dark Horse Comics နဲ့ Dynmaic Theme တို့ပါဝင်မှာဖြစ်ပြီး Collector’s Edition ကို ကန်ဒေါ်လာ ၁၂၉.၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

This Article is contributed by 2puu.
References
IGN PlayStation
About Author
Assinged Tags
PS4 Consoles God of War Console Game PS4 Game God of War : Stone Manson Edition God of War : Digital Deluxe Edition God of War : Collector’s Edition
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed