Dota 2 ကို ကျော်လွန်ပြီး Steam မှာ လက်ရှိဆော့ကစားသူအများဆုံး စံချိန်တင်သွားတဲ့ PlayerUnknown’s Battlegrounds 

date_range 29 August 2017

Dota 2 ကို ကျော်လွန်ပြီး Steam မှာ လက်ရှိဆော့ကစားသူအများဆုံး စံချိန်တင်သွားတဲ့ PlayerUnknown’s Battlegrounds 

visibility 980 Views

                PlayerUnknown’s Battlegrounds ဂိမ်းဟာ နောက်ဆုံးထွက် Last-Man-Standing Survival Shooter ဂိမ်းတစ်ခုအဖြစ် Steam မှာနေရာယူထားပါတယ်။ ဒီဂိမ်းကို Bluehole ကနေ Developed ပြုလုပ်ထားပြီး ယခုနှစ် မတ်လလောက်မှာ Early Access အနေနဲ့ Steam Client ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ 


                လက်ရှိအချိန်မှာလည်း Early Access ဖြစ်နေတုန်းပေမယ့် လက်ရှိဆော့ကစားသူ 877,844 အထိရှိပြီး၊ Dota 2 ထက် ဆော့ကစားသူဦးရေပိုများတဲ့ဂိမ်းအဖြစ် စံချိန်တင်သွားခဲ့ပါပြီ။ ဒါ့အပြင် Steam Client ရဲ့လူကြိုက်အများဆုံးဂိမ်းနေရာမှာလည်း နံပါတ် ၂ ချိတ်ထားပြီး၊ Top Sellers နေရာမှာတော့ နံပါတ် ၁ ချိတ်ထားပါတယ်။ ဒါပေမဲ့လည်း Steam သမိုင်းတစ်လျှောက်မှာ ဆော့ကစားသူအများဆုံးအဖြစ် စံချိန်တင်ထားတာကတော့ Dota 2 ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် မတ်လမှာတုန်းက Dota 2 ကိုဆော့ကစားသူဦးရေ 1,291,328 ရှိခဲ့ပြီး၊ ဒီစံချိန်ကိုတော့ လက်ရှိဘယ်ဂိမ်းမှမချိုးနိုင်သေးပါဘူး။

                PlayerUnknown’s Battlegrounds ဟာ Dota 2 လိုမျိုး Free To Play ဂိမ်းတစ်ခုမဟုတ်ပဲ Steam မှာ USD $29.99 နဲ့၀ယ်ယူဆော့ကစားရတဲ့ Paid ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Bluehole နဲ့ Nvidia ကုမ္ပဏီတို့ပူးပေါင်းပြီး Nvidia ShadowPlay Support ကိုလည်းထည့်သွင်းပေးထားပါတယ်။ 

                ဒီဂိမ်းမှာ ကိုယ်ဟာ စတင်ဆော့ကစားတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ အခြား Player ပေါင်း ၁၀၀ ကျော်နဲ့ ရင်ဆိုင်ပစ်ခတ်ရမှာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ဆော့ကစားလိုတယ်ဆိုရင်တော့ Party ကို လေးယောက်အများဆုံး ဖွဲ့ပြီးအတူတူဆော့ကစားနိုင်ပါတယ်။ ဂိမ်းမှာ Unreal 4 Engine ကိုအသုံးပြုထားပြီး၊ လက်ရှိအချိန်မှာတော့ PC ကနေပဲ Steam Client အသုံးပြုပြီးဆော့ကစားနိုင်ပါတယ်။

                ဒါပေမဲ့လည်း သိပ်မကြာခင်မှာ PlayerUnknown’s Battleground ဂိမ်းကို Microsoft ကနေ Xbox One နဲ့ Xbox One X အတွက် ထုတ်လုပ်ပေးသွားမယ်လို့လည်း သိရှိထားပါသေးတယ်။ PC Platform တစ်ခုတည်းမှာတင် Player Base အတော်ရရှိထားတယ်ဆိုကတည်းက ဒီဂိမ်းဟာ အခြေအနေအတော်ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။ 

References
Gadgets 360
About Author
Assinged Tags
PC Steam Xbox One X Xbox One Game PC Game PlayerUnknown's Battleground Survival Last Man Standing Shooter Dota 2
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed