စာတမ်းပြုစုဖို့အတွက်ဆိုရင် Google နဲ့ Wikipedia ထက်ပိုအသုံးဝင်တဲ့ Omnity Search Engine

date_range 12 June 2017

စာတမ်းပြုစုဖို့အတွက်ဆိုရင် Google နဲ့ Wikipedia ထက်ပိုအသုံးဝင်တဲ့ Omnity Search Engine

visibility 140 Views

                ကျနော်တို့ စာတမ်းတစ်ခုပြုစုဖို့ပဲဖြစ်ဖြစ်၊ တစ်ခုခုကို ရှာဖွေ Research လုပ်ဖို့ လိုအပ်လာတာပဲဖြစ်ဖြစ် အများဆုံးသုံးဖြစ်တာက Google နဲ့ Wikipedia ပဲဖြစ်ပါတယ်။ Google ကတော့ အစုံလင်ဆုံးပေမယ့် လိုချင်တဲ့ Data တစ်ခုရဖို့ Website Link တွေအများအပြားဝင်ကြည့်ရတာ၊ Wikipedia ကလည်း သူ့ထဲက Data တွေပဲကြည့်လို့ရတဲ့ အားနည်းချက်အချို့ရှိပါတယ်။ အဲ့ဒါကြောင့် Data ရှာဖွေတဲ့နေရာမှာ အကောင်းဆုံးလို့တောင် ပြောလို့ရတဲ့ Omnity Search Engine နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

                အရင်ဆုံး Omnity Search Engine ကိုအသုံးပြုဖို့အတွက် www.omnity.io ကနေ Account တစ်ခုအရင်ဖွင့်ရမှာဖြစ်ပါတယ်။ Account ဖွင့်ပြီးပြီဆိုရင် Log In ဝင်ရောက်လိုက်တာနဲ့ Omnity Search ကို အသုံးပြုနိုင်ပါပြီ။

                Omnity Search ကို စဖွင့်လိုက်တာနဲ့ Home Screen မှာ Document ကို Drag & Drop လုပ်ပြီး ရှာဖွေလို့ရတယ်ဆိုတဲ့အကြောင်းနဲ့ လောလောဆယ် Beta Program တစ်ခုဖြစ်တဲ့ Omnity Web Clipper Browser Extension ကို အသုံးပြုပြီးလည်း ရှာဖွေနိုင်ကြောင်း ရေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။

                ပုံမှန် Search Engine တွေလိုမျိုးမဟုတ်တဲ့အတွက်ကြောင့် စာရိုက်ရှာမယ်ဆိုရင် ဘယ်မှာရိုက်ရှာရမှန်းမသိဖြစ်နေနိုင်ပါတယ်။ ဘယ်ဘက်ထောင့်က Menu တွေထဲက တစ်ခုဖြစ်တဲ့ Enhanced Search က Additional Search Terms မှာ ကိုယ်ရှာဖွေချင်တဲ့စကားစုကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ရက်အတိအကျ၊ စာရေးသူအတိအကျနဲ့ရှာဖွေချင်တယ်ဆိုရင်လည်း အလွယ်တကူရှာဖွေနိုင်မှာဖြစ်ပါတယ်။


                Enhanced Search Menu ရဲ့ အပေါ်မှာ Filter Sources ဆိုတာရှိပြီး Omnity က အဓိကထားရှာဖွေပေးတဲ့ Source တွေဖြစ်တဲ့ Wikipedia, TED, NASA, BBC, WikiHow, Answers.com အပါအဝင် နာမည်ကြီး Websites တွေထဲမှာ နှစ်သက်သလို သတ်မှတ်ထားနိုင်မှာပါ။


                ကိုယ်ရှာချင်တဲ့ Data တစ်ခုကို ရိုက်ထည့်ပြီးရှာလိုက်ပြီး ဆိုရင် သတ်ဆိုင်တဲ့အဖြေအကုန်လုံးကို List View အနေနဲ့မြင်ရမှာဖြစ်ပါတယ်။ မူရင်း Website Link တွေဆီသီးခြားဝင်စရာမလိုပဲ ဖတ်ရှုနိုင်မှာဖြစ်ပြီးတော့ တကယ်လို့ မူရင်း Website Link ကိုသွားချင်တယ်ဆိုရင်လည်း၊ ခေါင်းစဉ်ကို နှိပ်လိုက်တာနဲ့ မူရင်း Website Link ကို ညွန်ပြပေးမှာဖြစ်ပါတယ်။


                Omnity ရဲ့ အားသာချက်က ဒီမှာတင်မပြီးသွားသေးပဲ Screen ရဲ့ ညာဘက်အပေါ်ထောင့် Profile icon ဘေးက Visualize Results ကနေ By Relevance, By Time, By Communities, By Location, By Relationships ကို နှစ်သက်ရာကိုရွေးချယ်လိုက်မယ်ဆိုရင် ပုံမှန် Search List အစား Diagram တွေနဲ့ပြောင်းလဲဖော်ပြပေးသွားမှာဖြစ်ပြီး၊ ကိုယ်ရှာနေတဲ့ Keyword တင်မဟုတ်ပဲ သတ်ဆိုင်ရာ နီးစပ်တဲ့ Data တွေကိုပါ ဖော်ပြပေးနိုင်တဲ့အတွက် Research လုပ်မယ့်သူတွေအတွက် အကောင်းဆုံးအားသာချက်လို့ပြောလို့ရပါတယ်။ 


                Omnity Search Engine က Wikipedia လိုပဲ Account ပြုလုပ်ရတဲ့အတွက် ကိုယ်ရှာဖွေခဲ့တဲ့ History တွေကိုလည်း ဘယ် Devices ကပဲဖြစ်ဖြစ် Log In ပြန်ဝင်ပြီး ကြည့်ရှုနိုင်သလို အခုနကပြောခဲ့တဲ့ Document တွေကို Upload တင်ပြီး ရှာဖွေတဲ့အခါမှာလည်း တစ်ခါ Upload တင်ထားလိုက်တာနဲ့ ကိုယ့် Account ရဲ့ Files ထဲမှာ ရောက်နေမှာဖြစ်ပြီးတော့ ကိုယ်သုံးနေတဲ့စက်မှာ အဲ့ဒီ Document မရှိတော့ရင်တောင်မှ ဆက်လက်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ 

                Omnity ရဲ့ အားနည်းချက်ကိုပြောပါဆိုရင်တော့ Google, Wikipedia တို့ထက် Data ကိုပိုဦးစားပေးထားတဲ့အတွက် ဓါတ်ပုံတွေကိုတော့ ရှာဖွေလို့မရသေးပါဘူး။ ဒါပေမယ့် Data Research ပြုလုပ်မယ့်သူတွေအတွက် အကောင်းဆုံးသော Search Engine တစ်ခုဆိုတာကိုတော့ ငြင်းဖို့ခက်ပါလိမ့်မယ်။

References
Omnity
About Author
Assinged Tags
Featured Articles Search Engine Wikipeda Omnity Research
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed