iOS 11 မှာ Apple မထည့်သွင်းပေးခဲ့တဲ့ အရေးကြီး Features သုံးခု

date_range 07 June 2017

iOS 11 မှာ Apple မထည့်သွင်းပေးခဲ့တဲ့ အရေးကြီး Features သုံးခု

visibility 10330 Views

                Apple အနေနဲ့ WWDC 2017 မှာ Features အသစ်တွေအများကြီး ပါဝင်လာတဲ့ iOS 11 ကို တရားဝင်မိတ်ဆက်ခဲ့ပြီးပြီ ဆိုသော်လည်းပဲ Apple ပရိတ်သတ်တွေ အရမ်းလိုချင်ခဲ့တဲ့ Features အချို့တော့ မပါဝင်ခဲ့ပါဘူး။ iOS 11 မှာ ပါဝင်လာတဲ့ Features အသစ်တွေက iPhone သမားတွေအတွက်ကတော့ ပိုမိုက်သွားတယ်လို့ ဆိုနိုင်ပေမယ့် iPad သမားတွေကတော့ Multitasking ပိုကောင်းလာတာလောက်နဲ့တင် ကျေနပ်နိုင်မယ်မထင်ပါဘူး။

                ဒီတော့ iOS 11 အတွက် Apple မပေးနိုင်ခဲ့တဲ့ တစ်ချို့အရေးကြီး Features လေးတွေကို ကြည့်လိုက်ရအောင်...

Multiple Account Support

                WWDC 2017 မစခင်မှာ iPad သမားတွေ စောင့်မျှော်ခဲ့ရတဲ့ Feature တစ်ခု ဖြစ်ပါတယ်။ Apple အနေနဲ့ iPad ကို ကွန်ပျူတာတစ်လုံးလို အသုံးပြုနိုင်မယ်လို့သာ တစ်စိုက်မတ်မတ် ပြောနေတာပါ။ တကယ်တမ်း ဒီလိုမျိုး အရေးကြီးတဲ့ Feature ကျတော့ လုံးဝမထည့်သွင်းပေးပါဘူး။

                macOS မှာလိုမျိုး နှစ်ခုထပ်ပိုတဲ့ User Account တွေကို iPad တွေအတွက် Support ပေးလိုက်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းမလဲဗျာ။ မိမိ iPad ကို သူငယ်ချင်း ဒါမှမဟုတ် မိတ်ဆွေတစ်ယောက်ကို ငှားသုံးတယ်ဆိုပါစို့။ မိမိအကောင့်နဲ့ ပေးမဝင်ပဲ macOS မှာလိုမျိုး Guest Account နဲ့ ပေးဝင်လိုက်ရင် မိမိ Pirvacy လည်း မထိခိုက်တော့ဘူး။ ခဏခဏလည်း Lock ဖြည်ပေးနေစရာမလိုတော့ဘူးပေါ့။

                အခု iOS 11 မှာ File Management အတွက် “Files” ဆိုတဲ့ App လေးလည်း ပါဝင်လာပါပြီ။ ဒီတော့ အကယ်လို့သာ Multiple Account Support လေးပါ ပါဝင်ခဲ့မယ်ဆိုရင် အသုံးပြုသူနှစ်ယောက်ရဲ့ Files တွေလည်း သီးသန့်ဖြစ်သွားမယ်၊ ရုံးတွေ၊ ကျောင်းတွေမှာ File Sharing လုပ်ရင်လည်း ပိုပြီးအဆင်ပြေသွားမယ်ပေါ့။

                Apple ပြောသလို iPad ကို ကွန်ပျူတာတစ်လုံးလို အသုံးပြုနိုင်ဖို့အတွက် iOS မှာ Multiple Account Support ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒီကောင်လေးကို မျိုးဆက်သစ် iOS မှာ ထည့်သွင်းပေးမယ်လို့တော့ ယူဆရပါတယ်။

Mouse Support

                ဒါကလည်း iPad နဲ့ ပိုဆိုင်ပါတယ်။ ဒီ Feature ဟာ အသုံးပြုသူတွေ တောင်းဆိုမှုများခဲ့တဲ့ Feature တစ်ခု ဖြစ်ပါတယ်။

                သို့သော်လည်းပဲ Apple ကတော့ iOS က Touch အတွက် Optimize လုပ်ထားတာဖြစ်ပြီး၊ macOS က Mouse အတွက် Optimize လုပ်ထားတာကြောင့် iOS အတွက် Mouse Support ကို ပေးသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

                ဒါကြောင့်လည်း iOS 11 မှာ Mouse Support မပါဝင်လာတာ ဖြစ်မှာပါ။ Apple အနေနဲ့ စဉ်းစားသင့်တဲ့အချက်ကတော့ iPad တွေကို ကွန်ပျူတာအစားထိုးနိုင်အောင်လို့ Mouse Support ကတော့ မထည့်မဖြစ်၊ ထည့်ပေးသင့်ပြီ ဆိုတာပါပဲ။

                Microsoft က iPad Pro ကြော်ငြာကို Surface နဲ့ ပြန်လှောင်တာလည်း လွန်တော့မလွန်ပါဘူး။ ဘာလို့လဲဆိုတော့ Surface က တကယ့်ကွန်ပျူတာတစ်လုံးလို သုံးလို့ရတာပဲကိုး။ iOS က Touch အတွက်ပဲ Optimize လုပ်ထားတယ်လည်း ဆိုသေးတယ် ဘာကိစ္စ Keyboard ကျ Support ပေးပြီး Mouse ကျတော့ Support ဘာလို့ မပေးနိုင်တာလည်း? စဉ်းစားကြည့်ပေါ့ Apple ရယ်။

Default Apps

                အရင်တုန်းကဆိုရင် iOS မှာ Apple က ထည့်ပေးထားတဲ့ Stock Apps တွေကို Uninstall လုပ်လို့မရပါဘူး။ လူပြောအရမ်းများခဲ့လို့ Uninstall လုပ်ခွင့်ပေးခဲ့ပါတယ်။

                သို့ပေမယ့်လည်း Stock Apps တွေကို Uninstall လုပ်လို့ရရုံလောက်လေးနဲ့တင် မလုံလောက်သေးပါဘူး။ ဥပမာဗျာ၊ ကိုယ်က Safari မကြိုက်ဘူးပေါ့။ အဲ့တော့ ကိုယ်ဖွင့်လိုက်သမျှ Link တွေ အကုန်လုံးကို Chrome ဒါမှမဟုတ် Mozilla နဲ့ပဲ ဖွင့်ချင်တယ်။ Default Browser ပြောင်းချင်တယ်ပေါ့။ အဲ့ကျရင် တိုင်ပါတ်ပါပြီ။

                ဒါက Default Browser ပြောင်းတာလောက်ပဲ ရှိပါသေးတယ်။ Apple အနေနဲ့ iOS Device ကိုင်သူအကုန်လုံး Stock Apps တွေကိုပဲ သုံးရမယ်ဆိုပြီး လုပ်လို့မရပါဘူး။ အသုံးပြုသူတွေအနေနဲ့ ကိုယ်ကြိုက်တဲ့ Apps တွေကို Default Apps တွေအနေနဲ့ ပြောင်းလဲလို့ ရအောင်လုပ်ပေးဖို့တော့ လိုအပ်ပါတယ်။

နိဂုံး

                iOS ကို အခုထပ်ပိုပြီး Powerful ဖြစ်လာဖို့အတွက် macOS မှာ ရှိပြီးသား Features တွေကို iOS မှာ ထည့်သွင်းပေးသင့်ပါတယ်။ iPhone တွေအတွက်ကတော့ ပြဿနာမရှိပေမယ့် iPad တွေအတွက်ကတော့ ကွန်ပျူတာတစ်လုံးလို့ သုံးစွဲလို့ရဖို့အတွက်ကျတော့ iOS မှာ ပြဿနာရှိနေပါတယ်။ 

                Apple အနေနဲ့ iOS 11 မှာ File Management ထည့်သွင်းပေးလိုက်ပြီဆိုတော့ မျိုးဆက်သစ် iOS တွေမှာ အပေါ်က Features သုံးခုကိုလည်း ထည့်သွင်းပေးသွားမယ်လို့တော့ မျှော်လင့်ရပါတယ်။

References
TechX Features
About Author
Assinged Tags
Safari macOS iOS 11 Files For iOS
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed