ဒီနေ့ဟာ Apple မှ iBook G3 ကို စတင်မိတ်ဆက်ခဲ့တဲ့နေ့ ဖြစ်ပါတယ်

date_range 22 July 2017

ဒီနေ့ဟာ Apple မှ iBook G3 ကို စတင်မိတ်ဆက်ခဲ့တဲ့နေ့ ဖြစ်ပါတယ်

visibility 960 Views

                ဇွန်လ ၂၁၊ ၁၉၉၉ ခုနှစ်မှာ Apple CEO ဖြစ်တဲ့ Steve Jobs ကနေ iBook G3 ကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ iBook G3 မှာ Wireless Networking ကို Built-In အနေနဲ့အသုံးပြုလို့ရခဲ့ပါတယ်။ iBook G3 ရဲ့ဘေးဘောင်အတွင်းထဲမှာပဲ Wireless Antenna ကိုမြုပ်နှံခဲ့ပြီး စက်အတွင်းက Wireless Card နဲ့ချိတ်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ ပထမဦးဆုံးစထွက်လာတဲ့ iBook G3 ကို Clamshell လို့လည်းခေါ်ဆိုခဲ့ကြပါသေးတယ်။ 

                iBook G3 မှာ PowerPC G3 Processor ကိုအသုံးပြုထားပြီး Clock Speed 300-466 MHz ရှိပါတယ်။ iBook G3 ရဲ့ထူးခြားတဲ့ဒီဇိုင်းကြောင့် “Barbie ရဲ့အိမ်သာအဖုံး” ဆိုပြီးလှောင်ပြောင်နာမည်တပ်ခံခဲ့ရပါသေးတယ်။ ဒါပေမဲ့လည်း iBook G3 ရဲ့ထူးခြားတဲ့ဒီဇိုင်းကြောင့် Movies တွေနဲ့ Television Show တွေထဲမှာပါလာခဲ့ရင် မမှတ်မိနိုင်စရာ မရှိအောင်ကို Popular ဖြစ်ခဲ့ပါတယ်။ 

                iBook G3 (Clamshell) ရဲ့ Support ကို မေလ ၁၊ ၂၀၀၁ ခုနှစ်မှာ ရပ်တန့်ခဲ့ပြီး နောက်ထပ်မော်ဒယ်အသစ် iBook G3 (Snow) ကိုတော့ အောက်တိုဘာလ ၂၂၊ ၂၀၀၃ ခုနှစ်မှာ Apple မှထပ်မံမိတ်ဆက်ပေးခဲ့ပါတယ်။ 

References
This Day In Tech History Wikipedia
About Author

Related

Assinged Tags
iBook iBook G3 Clamshell Snow
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed