ဒီနေ့ဟာ Wordpress ရဲ့ မွေးနေ့ဖြစ်ပါတယ်

date_range 28 May 2017

ဒီနေ့ဟာ Wordpress ရဲ့ မွေးနေ့ဖြစ်ပါတယ်

visibility 100 Views

                ၂၀၀၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့၊ ဒီနေ့လိုနေ့မျိုးမှာ Matt Mullenweg ဆိုသူနဲ့ Mike Little ဆိုသူဟာ B2/cafelog ကို Fork လုပ်ခဲ့ကြပါတယ်။ အဲ့လိုလုပ်ခဲ့ရာကနေ Wordpress ဆိုတဲ့ Free and Open-Source CMS (Content Management System) လေးတစ်ခု မွေးဖွားလာခဲ့တာ ဖြစ်ပါတယ်။

                Wordpress ဟာ PHP နဲ့ MySQL ကို အသုံးပြုပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။ မွေးဖွားပြီးတဲ့အချိန်ကစလို့၊ အခုအချိန်ထိအောင် အသုံးပြုရလွယ်ကူခြင်း၊ Theme တွေ ရေးသား၊ ရောင်းချသူတွေများခြင်း၊ စဉ်ဆက်မပြတ် Update ပုံမှန်လုပ်နိုင်ခြင်းတို့ကြောင့် Wordpress ကိုလူသုံးများကြပါတယ်။

                ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ လက်ရှိကမ္ဘာပေါ်က ထိပ်သီး Website အရေအတွက်ပေါင်း ၁၀ သန်းထဲက ၂၇.၅% ဟာ Wordpress ကို အသုံးပြုပြီး တည်ဆောက်ထားကြတယ်လို့ သိရပါတယ်။ Wordpress ဟာ အခုလက်ရှိမှာ Stable Version 4.7.5 ကို ရောက်ရှိသွားပြီဖြစ်ပြီး Download အကြိမ်အရေအတွက် ၉၀,၀၅၇,၅၀၀ ကြိမ် ရှိနေပြီဖြစ်ပြီး စက္ကန့်နှင့်အမျှလည်း Download လုပ်ကြိမ် တိုးပွားနေပါတယ်။

References
DayInTechHistory
About Author
Assinged Tags
MySQL Wordpress Content Management System PHP
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed