ဒီနေ့ဟာ Emoticons တွေကို စတင်အသုံးပြုခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 19 September 2017

ဒီနေ့ဟာ Emoticons တွေကို စတင်အသုံးပြုခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 240 Views

                ကျွန်တော်တို့တွေ Online ပေါ်မှာ ပြုံးတာ၊ မဲ့တာ၊ ရီပြတာ စ တဲ့ မျက်နှာအမူအရာ (Emoticons) တွေကို စတင်တီထွင်ဖန်တီးပေးခဲ့တဲ့သူကတော့ Carnegie Mellon University ရဲ့ Research Professor တစ်ယောက်ဖြစ်တဲ့ Scott Fahlman ပဲဖြစ်ပါတယ်။ University အတွက် အဲ့အချိန်တုန်းက Online Bulletin Board တွေအလွန်ခေတ်စားခဲ့ပါတယ်။ အသိပညာ နဲ့ အခြားအထွေထွေကိစ္စတွေကို ကျောင်းသားနဲ့ University Staff တွေအပြန်အလှန်ဆွေးနွေးဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။

                ဒီနေရာမှာ အချို့သူတွေဟာ ပြောင်တာ၊ နောက်တာ နဲ့ ဟာသအနေနဲ့ တင်ထားတဲ့ဟာတွေကို အခြားသူတွေအနေနဲ့ အလွယ်တကူမသိရှိနိုင်ပါဘူး။ ဒါကြောင့်မို့လို့ Professor Scott E Fahlman အနေနဲ့ စက်တင်ဘာ ၁၉၊ ၁၉၈၂ ခုနှစ်မှာ Emoticons တွေကိုအသုံးပြုဖို့ Bulletin Board မှာအဆိုပြုခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ဟာသအနေနဲ့တင်တဲ့အရာတွေကို " :-) " အသုံးပြုဖို့နဲ့ ဟာသမဟုတ်တဲ့အမူအရာအတွက် " :-( " အသုံးပြုကြဖို့ ပြောကြားထားခဲ့တာဖြစ်ပါတယ်။ 

19-Sep-82 11:44 Scott E Fahlman             :‌-)
From: Scott E Fahlman <Fahlman at Cmu-20c>
I propose that the following character sequence for joke markers:
:‌-)
Read it sideways. Actually, it is probably more economical to mark things that are NOT jokes, given current trends. For this, use
:‌-(

                Scott Fahlman အနေနဲ့လည်း သူဟာ Emoticons တွေကို တီထွင်တဲ့သူဖြစ်ကြောင်း ရေးသားထားတာကိုလည်း ဒီ Website Link မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါသေးတယ်။

References
This Day In Tech History Carnegie Melon University
About Author

Related

Assinged Tags
Smileys Emoticons
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed