ဒီနေ့ဟာ NeXTSTEP OS ကို စတင်ထုတ်လုပ်ခဲ့တဲ့နေ့ဖြစ်ပါတယ်။

date_range 18 September 2017

ဒီနေ့ဟာ NeXTSTEP OS ကို စတင်ထုတ်လုပ်ခဲ့တဲ့နေ့ဖြစ်ပါတယ်။

visibility 460 Views

                စက်တင်ဘာ ၁၈၊ ၁၉၈၉ ခုနှစ်မှာ NeXT Computer ကနေပြီးတော့ NeXTSTEP OS ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီ OS ကို စတင်ထုတ်လုပ်တုန်းက NeXT ကနေ ထုတ်လုပ်ထားတဲ့ ကွန်ပျုတာတွေအတွက်သီးသန့်ပဲ ရည်ရွယ်ခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ အခြား Architectures တွေ (ဥပမာ- Intel x86) အတွက်ပါအသုံးပြုလို့ရလာခဲ့ပါတယ်။

                NeXTSTEP ဟာ Object-Oriented Development Environment အတွက် အသုံး၀င်ဆုံး OS တစ်ခုဖြစ်ခဲ့ပြီး၊ World Wide Web ကို ဖန်တီးခဲ့တဲ့အချိန်တုန်းကလည်း NeXTSTEP OS ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။ 

                ၁၉၉၇ ခုနှစ်မှာတော့ Apple ဟာ NeXT Computer ကို၀ယ်ယူခဲ့ပြီး၊ NeXTSTEP OS ကိုအခြေခံတဲ့ Operating System အသစ်တစ်ခုကို ဖန်တီးဖို့ကြံရွယ်ခဲ့ပါတယ်။ အသစ်ဖန်တီးလိုက်တဲ့ OS ဟာ အခုလက်ရှိအချိန်မှာ Apple ရဲ့ MacBook တွေနဲ့ iMac တွေမှာ အသုံးပြုနေတဲ့ Mac OS X ပဲဖြစ်ပါတယ်။ 

References
This Day In Tech History
About Author
Assinged Tags
Operating System Mac OS X Apple NeXTSTEP NeXTSTEP OS NeXT Computer
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed