အကောင်းအတိုင်း အသုံးပြုနိုင်သေးတဲ့ ရှားပါး Apple-1 Computer ကို မေလမှာ လေလံတင်ရောင်းချမည်

date_range 15 March 2017

အကောင်းအတိုင်း အသုံးပြုနိုင်သေးတဲ့ ရှားပါး Apple-1 Computer ကို မေလမှာ လေလံတင်ရောင်းချမည်

visibility 200 Views

                အခုအချိန်မှာ Apple Inc. ရယ်လို့ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်တဲ့ အကြောင်းအရာတွေမှာ Apple I (သို့) Apple-1 Computer က အဓိကအခန်းကဏ္ဍကနေ ပါဝင်တယ်ဆိုတာ သိကြမှာပါ။

                ၁၉၇၆ ခုနှစ်မှာ၊ Apple ကို ပူးတွဲတည်ထောင်သူဖြစ်တဲ့ Steve Wozniak ဟာ Apple I ကွန်ပြူတာကို ကိုယ်တိုင် ဒီဇိုင်းဆွဲ၊တည်ဆောက်ခဲ့ပါတယ်။ ဒီကွန်ပြူတာကို အလုံးရေ ၁၇၅ လုံးရောင်းချခဲ့ရပြီး၊ အခုအချိန်မှာ အလုံးရေ ၅၀ ကနေ ၆၀ လောက်ပဲ ကျန်ရှိတော့ပါတယ်။ ဒီထဲကမှ ၈ လုံးကပဲ အခုထိ အသုံးပြုလို့ရဆဲဖြစ်တာကြောင့် အခုရောင်းမယ့်တစ်လုံးက တော်တော်ရှားရှားပါးပါးလို့ ဆိုရမှာပါ။

                MacRumors သတင်းဌာနကို German လေလံပွဲစီစဉ်သူ Breker ရဲ့ ပြောကြားချက်အရ ဒီအကောင်းအတိုင်းရှိနေတဲ့ Apple-1 ကွန်ပြူတာ ရှစ်လုံးထဲက တစ်လုံးကို လေလံတင်ရောင်းချသွားမှာဖြစ်ပြီး၊ စက်နဲ့အတူ မူရင်း Manual စာအုပ်တွေ၊ စာရွက်စာတမ်းတွေနဲ့ ငွေသွင်းပြေစာတွေ ပါရှိမှာဖြစ်သလို၊ Steve Jobs နဲ့ Wozniak တို့ကို  ဖုန်းကနေ ဆက်သွယ်ပြောဆိုထားတဲ့ အသံဖိုင်ပါ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Manual စာအုပ်တွေမှာ Apple ရဲ့ ပထမဆုံး Logo ကိုပါ မြင်တွေ့နိုင်ပါတယ်။

                အရင်တုန်းက ပြုလုပ်ခဲ့တဲ့ Apple-1 ကွန်ပြူတာလေလံပွဲတွေအရ၊ ယခု လေလံတင်မယ့်ကွန်ပြူတာဟာ အနည်းဆုံး ဒေါ်လာသိန်းချီ စျေးပေါက်နိုင်ပါတယ်။

                အကောင်းအတိုင်း အသုံးပြုနိင်သေးတဲ့ Apple-1 ကွန်ပြူတာတစ်လုံးကို နောက်ဆုံးရောင်းချထားတဲ့ စံချိန်တင်စျေးနှုန်းကတော့ ဒေါ်လာ ကိုးသိန်းဖြစ်ပြီး၊ ၂၀၁၄ ခုနှစ် အောက်တိုဘာလတုန်းက New York မြို့မှာ ပြုလုပ်ခဲ့တဲ့ Bonhams လေလံပွဲမှာ ရောင်းချခဲ့ရတာပါ။ Apple-1 ကွန်ပြူတာကို စတင်ရောင်းချတုန်းက စျေးနှုန်းက ၆၆၆.၆၆ ဒေါ်လာပဲ ရှိပါတယ်။

                Apple-1 ကွန်ပြူတာဟာ တကယ်တမ်းတော့ Motherboard Kit တစ်ခုသာ ဖြစ်ပြီး၊ ကွန်ပြူတာအတွက် ပုံးခွံ (Housing) ကို Apple ကိုယ်တိုင်က မရောင်းချခဲ့ပါဘူး။ ဒီ့အပြင် Power Supply ၊ Keyboard ၊ Monitor နဲ့ Cassette Recorder စတဲ့ ကွန်ပြူတာဆက်စပ်ပစ္စည်းတွေကိုလည်း ရောင်းချခဲ့ခြင်းမရှိဘဲ၊ ဝယ်ယူသူကိုယ်တိုင်က ကိုယ့်ဘာသာ ထပ်ဝယ်ပြီး တပ်ဆင်အသုံးပြုခဲ့ရတဲ့ ကွန်ပြူတာတစ်လုံး ဖြစ်ပါတယ်။


References
Mac Rumors
About Author

Related

Assinged Tags
Apple-1 Computer
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed