Matte Black iPhone7 နဲ့ 7 Plus တို့မှာ ဆေးသားတွေကွာတဲ့ ပြဿနာ ရှိနေ

date_range 16 February 2017

Matte Black iPhone7 နဲ့ 7 Plus တို့မှာ ဆေးသားတွေကွာတဲ့ ပြဿနာ ရှိနေ

visibility 13650 Views

                အပြင်က Phone Case ပါတာတောင်မှ Matte Black iPhone ရဲ့ Speaker ပေါက်တွေ၊ အသံအတိုးအချဲ့လုပ်တဲ့ ခလုတ်တွေရဲ့ဘေးနားက ဆေးတွေကွာကုန်တယ်လို့ ဓါတ်ပုံနဲ့တကွ Apple ရဲ့ Support Community မှာ User တွေ Complain တက်ကြတာ အခုတစ်လော တော်တော်လေးများလာတယ်လို့ Mac Rumors ကဆိုထားပါတယ်။


                အရင် iPhone Version တွေမှာလည်း ဒီလို ဆေးတွေကွာကုန်တဲ့ ပြဿနာတွေရှိခဲ့ပေမယ့်လည်း အလုံးရေ တော်တော်လေး နည်းခဲ့ပါသေးတယ်။ ယခု Matte Black iPhone7 နဲ့ 7 Plus တို့မှာတော့ ဒီလိုဆေးတွေကွာတဲ့ ပြဿနာဟာ အလုံးရေ တော်တော်များများမှာ ဖြစ်နေတာ ဖြစ်ပါတယ်။

                iPhone 5 ထွက်ရှိခဲ့တဲ့ ၂၀၁၂ တုန်းက ဒီလိုပြဿနာတွေ ရှိခဲ့ပေမယ့်လည်း Apple ရဲ့ Marketing Chief ဖြစ်တဲ့ Phil Schiller ကတော့ “Aluminum နဲ့ ပြုလုပ်ထားတဲ့ ဘယ်ပစ္စည်းမဆို တစ်ခုခုနဲ့ ခြစ်မိရင်ဖြစ်စေ၊ ပွတ်မိရင်ဖြစ်စေ ဆေးသားတွေကတော့ ကွာကုန်တာပါပဲ။ ဒါက ဖြစ်ရိုးဖြစ်စဥ် တစ်ခုပါပဲ” လို့ ပြောခဲ့ပါသေးတယ်။


                Matte Black iPhone7 နဲ့ 7 Plus တွေကို အသုံးပြုနေတဲ့ Customer တွေက Apple ကို ဆက်သွယ်ပြီး ဒီလိုမျိုး ဆေးတွေကွာကုန်တဲ့  ပြဿနာကို ပြောပြတဲ့ အခါမှာတော့ Apple က ဒါဟာ User Fault ဖြစ်တဲ့အပြင် ဒီလို ပြဿနာဟာ Warranty ထဲမှာလည်း မပါတဲ့အတွက် Repair လုပ်ပေးဖို့ အဆင်မပြေနိုင်ဘူးလို့ ဖြေကြားလိုက်ပါတယ်။

                Apple က Jet Black iPhone 7 နဲ့ 7 Plus တို့မှာလည်း Phone Case ကိုသုံးသင့်တယ်လို့ သတိပေးထားပါသေးတယ်။ ဒါပေမယ့် တခြား အရောင်တွေသုံးထားတဲ့ iPhone 7 နဲ့ 7 Plus တွေကိုတော့ Warning မပေးထားပါဘူး။

References
Mac Rumors
About Author

Related

Assinged Tags
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed