32-bit Operating System တွေအတွက် Graphic Driver Update ထုတ်ပေးတော့မှာ မဟုတ်တဲ့ Nvidia

date_range 27 December 2017

32-bit Operating System တွေအတွက် Graphic Driver Update ထုတ်ပေးတော့မှာ မဟုတ်တဲ့ Nvidia

visibility 280 Views

                32-bit Operating System ကို အသုံးပြုနေတဲ့ သူဆိုတာ ခုခေတ်ကြီးထဲမှာ တော်တော်ကိုရှားနေပြီပဲ ဖြစ်ပါတယ်။ 32-bit Architecture အဟောင်းကို ဖက်တွယ်နေလို့လည်း ကိုယ့်အတွက် ဘာအကျိုးအမြတ်မှ မရှိပါဘူး။ နောက်ဆုံးပေါ် Hardware တွေ၊ Software တွေ ထွက်လာခဲ့ရင်လည်း အဆင်ပြေပြေ အသုံးပြုလို့ရမှာ မဟုတ်သလို Malware တွေ၊ ဗိုင်းရပ်စ်တွေ တိုက်ခိုက်တာကို ခံရနိုင်ခြေလည်း ပိုများပါတယ်။

                ဒါ့အပြင် သင်က ဂိမ်းဆော့ရတာကို ကြိုက်တယ်၊ သင့်ရဲ့ ကွန်ပြူတာ မှာ Nvidia ရဲ့ Graphic Card ကို အသုံးပြုထားတယ်၊ ဒါပေမယ့် 32-bit Operating System ကို အသုံးပြုနေတုန်းပဲ ဆိုရင်တော့ 64-bit Operating System ကို ပြောင်းသုံးလိုက်ပါတော့လို့ အကြံပေးပါရစေ။

                ဘာဖြစ်လို့လည်းဆိုတော့ Nividia အနေနဲ့ Graphic Driver Update တွေကို 32-bit Operating System အသုံးပြုထားတဲ့ Windows တွေ Linux တွေ FreeBSD တွေအတွက် ထပ်ပြီးတော့ Update ထုတ်ပေးမှာ မဟုတ်တော့ လို့ပါပဲ။ ၂၀၁၉ ဇန်နဝါရီလ မှာ ထွက်ရှိလာနိုင်တဲ့ Nividia ရဲ့ Graphic Driver Version “Release 390” ဟာ ဆိုရင် 32-Bit Operating System သုံးထားတဲ့ Windows (7,8,8.1,10), Linux, Free BSD တို့ကို Fully Support လုပ်ပေးမယ့် နောက်ဆုံး Update ပဲ ဖြစ်ပါတယ်။

                “Release 390 နောက်ပိုင်းမှာ ထွက်လာမယ့် Driver Update တွေမှာ ပါ၀င်တဲ့ Driver Enhancements, Driver Optimizations, Operating System စတဲ့ Features တွေဟာ Release 390 နဲ့ Release 390 မတိုင်မီ ထွက်ခဲ့တဲ့ Driver Versions တွေက Features တွေနဲ့ မသက်ဆိုင်တော့ပါဘူး" 

လို့ Nvidia က ကြေညာသွားခဲ့ပါတယ်။

                32-bit OS တွေအတွက် Security Update Driver တွေကိုတော့ ၂၀၁၉ နှစ်ကုန်ပိုင်း အထိ ထုတ်ပေးအုံးမှာပါ။ တကယ်လို့ Graphic Card အသစ် ဝယ်စိုက်လိုက်မယ် ဒါမှမဟုတ် အခုစက်မှာ သုံးထားတဲ့ Graphic Card Driver က ဒိတ်အောက်နေလို့ Performance ပိုကောင်းအောင် Driver Update ဒေါင်းချင်တယ် ဆိုရင်တော့ 64-bit Operating System ကို သုံးထားမှ ရမှာပါ။ Nvidia Graphic Cards တွေနဲ့ ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေနဲ့ Security Issues တွေကို သိချင်တယ်ဆိုရင် ဒီမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
TechRadar
About Author
Assinged Tags
Operating System Nividia Graphics Card 32-Bit
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed