Death Stranding ဟာ Horror Game တစ်ခုဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ Hideo Kojima

date_range 07 February 2017

Death Stranding ဟာ Horror Game တစ်ခုဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ Hideo Kojima

visibility Views

                Death Stranding ဟာ Hideo Kojima ရဲ့ နာမည်ကြီး Horror Game တစ်ခုဖြစ်တဲ့ Silent Hill ပရောဂျက်အစားထွက်ရှိလာမယ့် Game တစ်ခုဖြစ်ပြီး Game အတွက် Trailer ၂ ခုသာထွက်ရှိထားတာဖြစ်ပေမယ့် Gamer တွေအကုန်လုံးကစောင့်ကြည့်နေတဲ့ Game တစ်ခုပါ။


                "Death Stranding ရဲ့ Trailer တွေက နည်းနည်း ထူးဆန်းနေပြီး ကြောက်စရာကောင်းနေပေမယ့် ဒီ Game မှာလဲ သူ့ရဲ့အရင် Game တွေလို ရီစရာ ဟာသလေးတွေလဲပါလာမှာဖြစ်ပြီး Horror Game တစ်ခုဖြစ်လာမှာမဟုတ်ဘူး။ ကျွန်တော့်မှာ Horror Game တွေဖန်တီးဖို့ သိပ်ပြီးကြောက်ဖို့ကောင်းတဲ့ Idea တွေ သိပ်မရှိပါဘူး။ ကျွန်တော်က လုံးဝသူများနဲ့မတူတဲ့ Idea တွေ Gamer တွေ တစ်ခါမှမမြင်ဘူးလောက်မယ့် ပုံစံမျိုးချပြချင်တာပါ။" လို့ Kojima က Glixel ကိုရှင်းပြခဲ့ပါတယ်။


                "Game တစ်ခုမှာဆိုရင် အဓိက အရေးကြီးတဲ့အချက်က ပျော်စရာဟာသလေးတွေ ပါဝင်ဖို့ပါ၊ Gamer တွေဟာ Game တစ်ခုကို အချိန်ယူပြီး နာရီပေါင်းတော်တော်များများကို ဆော့ကစားလေ့ရှိပါတယ်။  Death Stranding ကလဲ အဲ့လိုအချိန်ယူပြီး ကစားရမယ့် Game တစ်ခုပါ။  Player တစ်ယောက်အနေနဲ့ Game ကို ဇာတ်လမ်းအနိမ့်အမြင့်အတိုင်း ပြီးဆုံးအောင် ဆော့ကျမှာပါ။ ဇာတ်လမ်းထဲမှာပဲ အရမ်းအာရုံစိုက်နေရင် Gamer တွေတော်တော်များများဟာ Stress ဖြစ်လာလေ့ရှိတာကြောင့် အဲ့ဒီ့ဇာတ်လမ်း အနိမ့်အမြင့်ကြားမှာ ပျော်စရာလေးတွေပါဖို့က အရေးကြီးပါတယ်။ ဒါ့ကြောင့် Game ထဲမှာ ဟာသလေးတွေ ထည့်သွားပေးမယ်ဆိုပေမယ့် Death Stranding ရဲ့ ဇာတ်အိမ် Setting မပျက်အောင်သေချာဂရုစိုက်သွားပေးမယ်။" လို့ Kojima က ဆိုပါတယ်။

References
IGN
About Author

Related

Assinged Tags
Kojima Production
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed